အသဲလဲကြွေတဲ့
တပေါင်းနွေကိုတောင်
ရောက်ခဲ့ပြန်ပါပြီကောလေ
မေ့မရတဲ့ အတိတ်ကို
တိတ်ဆိတ်စွာ ငိုကြွေး
ဟိုး အဝေးတမြေမှာ
ပြေးထွက်ခွါ အသဲဗလာနဲ့ပေါ့...
မာယာရှင်ရေ
တပေါင်းနွေရောက်လေတိုင်း
ရွက်ဟောင်းတွေကြွေတိုင်းမှာပေါ့
အသဲပါ ကြွေခဲ့ရသူမို့...
မမြင်ကွယ်ရာမှာ
ရင်ထဲကဝေဒနာကို
ဖြေသာပါစေတော့ရယ်လို့
ရည်ရွယ်ရင်းနဲ့ အသဲကြွေတဲ့နွေကို
ဇာတ်လမ်းရေး လွမ်းဆွေးနေတာ
သိခြင်စမ်းပါရဲ့ မာယာရှင်ရယ်.?
တစ်ကောင်ဘွား(ဓာတ်တော်)
09442095465
မေ့နေကြပြီလား ကဗျာချစ်သူတွေရယ် မြန်မာလူငယ်မှာ တစ်ကောင်ဘွား(ဓာတ်တော်)ပြန်လာပါပြီ အားပေးနေသူများရှိသေးရင် ဖုန်းဆက်ကြပါဦး btမှာလဲ ဝေဖန်ပေးပါဦးလို့ တောင်းဆိုလျှက်ပါ
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ