Monday 29 February 2016

ဟောင်းနွမ်းသွားခဲ့ရသော အတိတ်ချို (အပိုင်း - ၁)


“ဟော နွယ် တစ်ယောက်တည်း ဘာတွေကြည့်ပြီး ပြုံးနေတာလဲ

ဒီအပျိုကြီးတော့ မရိုးတော့ဘူး မနက်ဖြန် လမ်းသစ်ဖွင့်ပွဲအတွက် 

အဆင်သင့်ဖြစ်ပြီလား”


တစ်ခန်းတည်းနေသူ ကေသီ အခန်းထဲသို့ ၀င်လာရင်း မေးတဲ့ 

မေးခွန်းကို


“ကျောင်းသူဘ၀က ဓာတ်ပုံတွေ ကြည့်နေတာပါ ကေသီရယ် 

ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့လည်း အိမ်ကို လွမ်းမိသား”


“အမယ် မောင်တော့်ကိုလွမ်းရင် လွမ်းတယ်ပေါ့

ဘာ အိမ်ကိုလွမ်းတာလဲဟွန်း မသိရင် ခက်မယ်နော်”


“ကေသီမ နော် နွယ် က အိမ်ကို လွမ်းတာ”


“အခြားသူသွားပြောစမ်းပါ နွယ်ရယ် ကဲ ပြပါဦး နွယ် လွမ်းတဲ့ 

အိမ်ကို ကြည့်ရအောင်”


ပြောရင်းနဲ့ နွယ့်လက်ထဲက အယ်လ်ဘမ် ကို ဖျတ်ကနဲ 

ဆွဲယူပြီး ကေသီက တဟားဟား ရယ်ပါတော့သည်။


“ဟားဟား နွယ် လွမ်းတဲ့ အိမ်လေးက ပါးချိုင့်ကလေးနဲ့ပါလားကွ" 


"ပြောလို့ပြောတာမဟုတ်ဘူးနော် နွယ့် မောင်တော်က 

တော်တော်လေး ချောတာပဲ ။ ဒါကြောင့်လည်း ဟိုမိန်းကလေးက 

လက်လွတ်မခံနိုင်တာ။”


“သူတို့က တကယ်ကို လိုက်ဖက်ပါတယ် ကေသီရယ်။ ဒီလကုန် 

သူတို့ လက်ထပ်ကြတော့မယ်လေ... လင်းတာရာ နဲ့ မြတ်နိုးငယ် 

တို့ရဲ့ မင်္ဂလာပွဲက နွယ်တို့မြို့လေးမှာတော့ လူတိုင်းအားကျဂုဏ်ယူရ

မယ့် မင်္ဂလာပွဲ ပေါ့။ သူတို့ သိပ်ပျော်နေကြမှာ ကေသီရဲ့နွယ့်မှာသာ ….”


ပြောရင်းနဲ့ အလွမ်းရိပ်တွေ ညို့သွားတဲ့ နွယ့်မျက်ဝန်းတွေကို 

ကြည့်ပြီး ကေသီလည်း သက်ပြင်းချမိတယ်။

လင်းရယ် .. မမတို့ မဆုံဖြစ်ခဲ့ကြရင် ကောင်းမှာနော်။


♥ ♥ ♥ ♥ ♥ ♥ ♥


နွယ့် အတွေးတွေလည်း အတိတ်ကာလတစ်ခုဆီကို လွင့်ပျံ့မိပါတော့

တယ်။


“မမ”

ဘုရားတင်ဖို့ စပယ်ပန်းတွေ ခူးနေခိုက် ခပ်တိုးတိုး ခေါ်သံကြောင့် 

လှည့်ကြည့်မိတော့ ချိုင့်လေးတစ်လုံးကိုင်ကာ ရပ်နေသော ကောင်လေး

တစ်ယောက် ...


“မေမေ မုန့်ပို့ခိုင်းလို့”


“အေး အေး မောင်လေး .. ဒါနဲ့ မောင်လေးက"


“ဟိုဘက်ခြံကပါ မမ”


"သြော် အန်တီခင့် သားလား .. ဒါဆို လင်းလင်း ပေါ့”


“ဟုတ်ကဲ့ မမ  ..  မေမေက မမကြိုက်တယ်ဆိုလို့ နန်းကြီးသုပ် ပို့ခိုင်း

လိုက်တာ”


သွက်သွက်လက်လက် ချက်ချက်ခြာခြာ ပြောတတ်တဲ့ သွားချွန်ချွန်ကလေး

နဲ့ ကောင်လေးကို နွယ် မြင်မြင်ချင်းပဲ ချစ်မိသွားပါတယ်


“အို အန်တီခင် က သိပ်ချစ်ဖို့ကောင်းတာပဲ။ မမ က နန်းကြီးသုပ် 

သိပ်ကြိုက်တာ မောင်လေးရဲ့"


“လင်း လည်း ကြိုက်တယ်မမရဲ့။ မေမေ့လက်ရာ မစားရတာကြာလို့ 

လုပ်ပေးတာလေ၊ လင်း မနက်ကမှ ရောက်တာ မမ"


"ဟုတ်တယ် အန်တီခင် မမ ကို ပြောထားတယ်။ လင်း ဒီမှာကျောင်းလာ

တက်မယ်ဆိုတာရယ်၊ လင်းကို စာသင်ပေးဖို့ရယ်"


“ဟုတ်ကဲ့ပါ မမ လင်း က ဒီနှစ် ၈ တန်း တက်ရမှာပါ”


ဆက်လက်ဖော်ပြပါမည် ..


Credit - သံစဉ်ဖြူဖြူ




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ