Sunday 21 February 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၀

   ဥယျာဉ်မှူး

ရနံ့ကိုရှု
အပွင့်ကိုမချိုး
မြတ်နိုးရသော
  ဥယျာဉ်မှူး
ရေလောင်းလို့
ပေါင်းသင်
မြောင်းပြင်ကာ
မြေကိုဆွရေချိုမှ
စီးဆင်းစေလို့
အပင်သန်
ဖူးရာမှပွင့်စေလို့
လွင့်ကာမကြွေ
အမြင့်မှာနေစေလို့
ခြွေနမ်းသူမလာသ၍
ရေဖျန်းလို့လန်းစေ
မွှေးလို့လည်းမနမ်းရက်
နွမ်းပျက်မှာပူပန်
လှလို့လည်းမခြွေရက်
ကြွေပျက်မှာစိုး
ပန်းမျိုးတရာမက
ပွင့်နေငြားလည်း
ရင့်ကြွေသွားတဲ့
ပန်းတပွင့်ကိုတောင်
ဥယျာဉ်မှူးမပိုင်ဆိုင်ခဲ့
ချစ်သူသာ
ပန်းတပွင့်ဖြစ်ခဲ့ရင်
အကြင်နာအပြည့်
ရင်မှာထွေးပွေ့
နမ်းချင်သော်လည်း
မဖွင့်ဟရဲသူ
ဥယျာဉ်းမှူးအဖြစ်ကို
သိစေမြင်စေလို့
ကြွေညွတ်ကာ
နိမ့်ပေးဖြေးဖြေးလေးနမ်း
အသင်ပန်းမှာ
နှုတ်ခမ်းရာထင်နေလည်းအမျက်ပြေ
အကျွန့်အသည်းမှာစွဲ
တဖွဲဖွဲကျနေတဲ့
ပန်းရနံ့တွေက
ဥယျာဉ်းမှူးအတွက်
အားဆေးတခွက်ပေါ့

သူရဇ္ဇ
================================
  ချစ်ဧည့်သည်

မဖိတ်ခေါ်ပဲလာ
မြင်သာအောင်
လက်မပြ
မနက်နဲ့ည
အိပ်မရအောင်ဖန်တီး
ရင်တံခါးကိုခေါက်
တယောက်ယောက်ကိုခွင့်မတောင်း
ရင်ခေါင်းလောင်းကို
တချက်မတီးပဲ
နှလုံးကိုအပိုင်သိမ်းလို့
အသိစိတ်ကိုစေခိုင်း
လေလှိုင်းထဲက
ချစ်သူအမိန့်က
နာခံခြင်းတွေကို
ဦးညွတ်စေခဲ့တယ်
အချစ်ကိုဖွင့်မပြော
နင်သိသော
ငါ့ရဲ့လိုက်လျောမှု့
နင်မြင်သော
ငါ့ရဲ့ဂရုစိုက်မှု့
နင်ပျော်စေသော
ငါ့ရဲ့တင်ဆက်မှု့တွေ
နင်အိပ်စက်စေသော
ငါ့ရဲ့တေးဆိုမှု့တွေမှာ
ချစ်တာထက်ပိုတဲ့
ငါ့မေတ္တာတွေ
နင်အသိဆုံးပါ
လွမ်းစေဖို့မဖန်တီး
ဆွေးစေဖို့မရည်ရွယ်
ငိုစေခဲ့ရင်လည်း
ဆန္ဒမရှိခဲ့သူမို့
ဧည့်သည်ပြန်
လက်ကလေး
ဝေ့ရမ်းတိုင်း
နှလုံးသားက
တဆတ်ဆတ်နာ
တရက်ရက်မှာ
ငါလည်းခွဲခွာတက်တဲ့
ဧည့်သည်တယောက်
ဖြစ်ချင်မိတယ်ဟာ့


         သူရဇ္ဇ
=================================
လိုက်လျောခြင်း


အလိုကျ
လိုက်လျောခြင်းဆိုတာ
တခါတလေ
အတ္တဆန်စွာ
ကိန်းဝပ်နေတက်တယ်
ပျော်ရွင်စေဆိုတဲ့
စိတ်ရဲ့နောက်ကွယ်မှာ
ကြင်နာခြင်းတွေ
ရစ်ဝဲနေတာ
သူ့
သိတန်ကောင်းပါရဲ့
သံယောစဉ်ရဲ့
အရိပ်အောက်မှာ
နှုတ်ဖျားက
ချစ်စကားတချို့
ဖွင့်ဟဖို့ခက်ခဲတဲ့အခါ
မျက်ရည်တွေဟာ
အလွမ်းထုကို
အခါတော်ပေးလို့
ဝေးဝေးမှာ
ငါတယောက်ထဲ
မင်းကိုတမ်းတနေမိပြီ
တိတ်ဆိတ်ခြင်းရဲ့
ထောင့်တနေရာမှာ
ငြိမ်သက်စွာ
လဲလျောင်းနေသော
အိမ်မက်တချို့
နိုးထဖို့အားယူတဲ့အခါ
ငါ့နံဘေးမှာ
ဘာပဲဖြစ်ဖြစ်
သူ ရှိနေမှဖြစ်မယ်


       သူရဇ္ဇ
=================================
  လွမ်း၍ချစ်ခဲ့သည်


နှုတ်ဆက်သံမကြား
ရေမြေခြားမှာသူနေ
လက်ပြတာမမြင်
ူသံယောစဉ်
သကာတစက်နဲ့
ကမ္ဘာတဖက်မှာငါနေ
ဆုံတွေ့မှု့ကြားမှာ
မိုင်တိုင်တွေ
ဘယ်လောက်ခြားခြား
တယောက်စကား
တယောက်နားမှာ
ကျောက်သားလို
တည်နေခဲ့တယ်
ဟန်ဆောင်မှု့ဗလာ
အမိန့်မပါတဲ့
ဂရုစိုက်အမှာစကားနဲ့
သကာပျားလို
ချိုစေခဲ့တယ်
ငါ့အနားမှာသူမရှိ
မြင်ကြည့်လည်းမတွေ့
သူ့အနားမှာ
ငါမပျော်
ခေါ်နေလည်းမကြား
နံရံခြားတဲ့
ဝေးကွာခြင်းကို
ဖြေးဖြေးလေးမေ့
တရွေ့ရွေ့သွားတဲ့
အချိန်ရထားကိုမြန်စေ
ကျန်နေတဲ့
ခွဲခွာရက်ကို
အသည်းမှာမှတ်လို့
လွမ်း၍သာ
ချစ်ခဲ့သည့်။



        သူရဇ္ဇ
=================================
  ချစ်ဖူးခဲ့ပြီ

ထိတွေ့မှု့မရှိ
စကားသံမကြားပဲ
ငါ့ရင်အဖျားမှာ
နင်ဘာ့ကြောင့်
ခိုဝင်နေပါလိမ့်
အိမ်မက်ကိုမပေး
အဝေးကြီးမှာ
ရှိနေပါလျှက်
နင့်ဘာ့အတွက်
ငါ့စိတ်ထဲ
ရှိနေရတာလဲ
တမ်းတမှု့မပါ
တနေ့တခါ
တွေ့ရရုံနဲ့
နင့်ကိုဘာ့ကြောင့်
အမြဲတမ်း
သတိရနေတာလဲ
အဝေးထွက်သွားမှာသိ
သူသတိမရမှာ
သိလျက်နဲ့
ငါဘာကြောင့်
တစစ်စစ်နာကျင်နေရတာလဲ
မေ့မရတာကို
မေးခွန်းထုတ်
သတိရတက်တာကို
ပြန်ဆန်းစစ်
တစ်ခါတစ်ခါ
ခွဲခွာရမှာကို
ကြိုတွေးပြီး
ငိုနေမိတဲ့
ငါ့အဖြစ်ကို
အဖြေရှာကြည့်တော့
ငါနင့်ကို
ချစ်နေမိပြီဆိုတာ
သိခဲ့ရတယ့့်။



       သူရဇ္ဇ
=================================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ