Tuesday 23 February 2016

မော်ဖူးခွင့်လေးပေးသနားပါ



ထိပ်ထားအရှင် သခင် ဆီဝယ်

အမှုတော်ထမ်းမပျက်တမ်းပေါ့

အရိပ်အ ခြေကြည့်ခါနေ၍

အလိုကျအောင် အကျိုးဆောင် ရွက်

သခင်မှေးစက် ညောင်ဇောင်းထက်

အိပ်လို့မ ပျော်အ ခေါ်ရောက်က

ဇာတ်လမ်းကိုဆင် ပုံပြင်တွေထုတ်

ဟောပြောဖို့ကကျွန်တော်တာဝန်

ငြီးငွေ့ပြီဆိုအသံချိုအောင်

တီးမှုတ်လို့ဖျော်အဆိုကျော်ပေါ့

သခင် ဖျားကပြာယာကိုခတ်

ဆေးတွေစပ်လို့သမားအကျွန်တာဝန်ယူ၏

စိတ်တွေမရွှင် ပျင်းနေရင် က

ဟာဒယနဲ့ပြုံးတော်မူအောင် စွမ်းဆောင် ပါမည်

လူရွှင် အကျွန်ဖြစ်တော့သကိုး

အန္တရာယ်ကြုံရန်မျိုးစုံလည်း

မ ကြောက်မရွန့်နောက်မတွန့်ဘူး

ထိပ်ထားအတွက်အသက်ထပ်လို့

စ တေးအပ်ခါကာကွယ်ပါ့မယ်

ကိုယ် ရံတော်ဖြစ် ရာထူးဆင့်လို့

အနားမှာသာထားပါလေ

သခင် အနားဖဝါးခြေထပ်မပျက် ရ အောင်

လိုအပ်ဟူကဖြည့်ဆည်းရမှ

ကျေနပ်သောသူအကျွန်လိုလူကို

သနားပါက မော်ဖူးခွင့်လေးပေးသနားပါ။


                                                       မင်းခ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ