Thursday 4 February 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၆၈

''နင် သိစေချင်လို့''

သတိရပါစေ

ရင်တွင်းဆန္ဒ

ညာမရ၍

လာခွင့်မရှိ

စာဖြင့်သိစေ

အလွမ်းတွေစဖို့

နိဒါဏ်းတစ်ခုလားမေ...

သတိရချိန်တိုင်း

လွမ်းမိတိုင်းမှာ

မမေ့တမ်းတ

ချိန်ကာလကို

ဝေဖန်စက်ကြော

ဖွင့်မပြောလည်း

ရင်မှမေတ္တာ

အကြင်နာကို

သိလိမ့်မယ်လို့

ထင်မိတယ် မေ....

ချစ်လို့ဖွင့်ပြော

ပြုသဘောထက်

မပြောလည်းသိ

သစ္စာရှိက

နားလည်မှုထား

ခိုင်မာငြားအံ့....

ဗလ
===========================
အလွမ်းပဲ့တင်သံ

လွမ်းရက်ကိုရှည်စေ
ငါ့မျက်ရည်ကိုနင်ခြွေ
နင့်အနမ်းတွေထဲ
အဆိပ်ထည့်လို့
ငါ့အိမ်မက်တွေ
ခါးသက်စေခဲ့တယ်
အခြားတဖက်မှာ
ဘယ်လိုဖြေမလဲ
နင်မတွေး
နင်မရှိတဲ့
ငါ့ဘဝကို
ငါရင်လေးမိတယ်
လမ်းခွဲကိုနင်ပျိုး
အမြင်ရိုးတဲ့
ငါ့မြင်လွှာမှာ
အကြင်နာတွေ
ရှိနေတုန်းနင်မုန်းလို့
ငါ့ကိုမေ့
နေ့ရှိသ၍
ငါမေ့မရတာ
နင့်မျက်နှာက
အပြုံးတပွင့်ပေါ့
အမုန်းသင့်လို့
ငါ့အသည်းတွေကြွေ
နင်နေနိုင်လို့
ရတက်အပူ
မပွားလည်း
မနေနိုင်သေးတဲ့
တဖက်လူမှာ
အသက်ရှုမှားအောင်
ခံစားလို့မမေ့
တနေ့နေ့မှာ
နင်ငါ့လို
ချစ်တက်ခဲ့ရင်
ငါလွမ်းစေအောင်
နင်ပြုခဲ့တဲ့
အလွမ်းရဲ့ပဲ့တင်သံ
နင့်ဆီပြန်လာလို့
တရံတခါ
ကိုယ်ချင်းစာ
လွမ်းတက်အောင်
နှိပ်စက်လိမ့်မယ်
ချစ်သူ့။


          သူရဇ္ဇ
============================
   ခြွေ လို့ ကြွေ


ရာသီအစ
 နာရီကခြွေ
သစ်ရွက်ကြွေ၏
 ဝန်းကျင်လေဝှေ့
တိုက်ခက်ရွေ့သော်
 မြေငွေ့တွေဝေ
မိုးစက်ကြွေ၏
 လွမ်းလို့မနေ
ဖြေလို့မရ
 တွေ့ဖို့တမ်းတ
မျှော်ငေးသမျှ
 မပြည့်ဝတော့
နေ့ ညတွေဝေ
ရှိုက်သံခြွေတော့
မျက်ရည်ကြွေ၏
 ချစ်မလိုဟန်ပြု
အပြုံးတုတပ်
 မမေ့တက်အောင်သင်
စွဲရစ်ငင် 
 ခိုင်မြဲပြီဆိုကာမှ
ရက်စက်ခြင်း
 အဆိပ်တခွက်နဲ့
အိမ်မက်ကို
 အကျည်းတန်စေ
အထီးကျန်နေသူ
အပူမကင်း 
အိပ်စက်ရာ
ခြေရင်းမှာ
 မျက်ရည်တွေ
ပင်လယ်ဝေ
 ချစ်သူကခြွေ
စွဲလမ်းမှု့မျက်ရည်ကို
 ကျီစယ်ကာ
ဆော့ကစားတော့
မခိုင် တခိုင်
အသည်းပန်း
မြေလမ်းထက်မှာ
ရော်ရွက်လို ကြွေ
သြော့့်
ခြွေရက်ပါပေ့
ချစ်သူရယ့့်။



         သူရဇ္ဇ
===========================
 ထီးမဖြစ်တဲ့ဖိနပ်

 ရိုးတံဝါအညာဆွေး
သစ်ရွက်ကလေး
လေထဲမှာလွင့်ဝဲရင်
သခင့်အသည်းမှာ
မမြင်လည်းသိစေ
ရင့်လိုသော်လည်း
သခင့်ကိုမျှော်လို့
မကြွေသေး
သခင်ခြွေမှ
အပင်ခြေဆီ
ကြွေဆင်းပေးမယ်
ဓါးထမ်းလိုလျှောက်
သခင့်နောက်မှာ
အသင့်ပါ
ထီးမိုးလို့ပေး
သခင့်ဘေးမှာ
ခပ်ခွာခွာပေါ့
နေ ခ့ မှာပူပန်
သခင့်ထံပါး
ခ ဝပ်တွားနေ
အမျက်ရှမှာကြောက်
တောက့်ံတချက်ဆို
အကျွန်လူသား
နေစရာရှားခဲ့
ချစ်မိ အပစ်ရှိ
အကျွန့်၏အသိမှာ
အပစ်ရှိကျေစေ
နေခမှာစိုး 
မိုးပေးခဲ့သမျှ
ထီးတလက်
မဖြစ်ရင်တောင်
သခင့်ခြေဖဝါးအောက်
ဝပ်တွားရောက်လို့
အကျွန့်၏
တဖက်သတ်အချစ်တွေ 
ဖိနပ်တဖက်အဖြစ်
အမှု့တော်
ထမ်းပါရစေ သခင်။


         သူရဇ္ဇ
===========================
''ဖြေလော့''

ရှေးခါမယ       ချိန်ကာလက

အချစ်တစ်ခု     သက်သေပြု၍

ယှဉ်ပြိုင်မှုလည်း  ရှိခဲ့၏။

ညီတော်လက္ခဏ    သူ့ဖြစ်ကတော့

ချစ်ပုံသွင်ဆန်း       မေတ္တာလမ်းမှာ

စွန့်လွှတ်နစ်နာ      မျိုသိပ်ကာနှင့်

သူ့အချစ်တို့          ဝှက်ကွယ်ပြုခဲ့ ။

ဘယ်ခါမရိုး          ကြင်နာတိုး၍

ခွင့်လွတ်သည်းခံ   မေတ္တာမှန်နှင့်

အားကိုးဖွယ်ပ    မင်းရာမ သို့

သီတာချစ်ခြင်း    ရည်ပျော်ဆင်းခဲ့ ။

ယှဉ်ပြိုင်စစ်ခင်း      သူ့ချစ်ခြင်းတွက်

ရယူဖို့ရေး    ကြံဆတွေးကာ

ချစ်သည်ပဓါန    သက်ပေးရ၍

သူ့မှာလူကြမ်း  သမိုင်းကြမ်းနှင့်

သီတာအမုန်း  ရှည်စေဦးတော့ ။

သဘောကောက်နူတ်  မေတ္တာသရုပ်ကို

ယူဆကွဲပြား   ဓိပ္ပါယ်များနှင့်

သင်ကဘယ်သို့    ချစ်သနည်း ။

ဗလ
============================
***********************************
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ