အောင်ဆန်းဇာနည်
ရာသီရွေ့ပြောင်း
ကြာညောင်း လ,ရှည်
ဟောင်းလေသော်မှ
မမေ့ရင်မှာ
စဉ်သာတမ်းတ လွမ်းရပြီ . . ။ ။
သူ့ကျွန်စနစ်
တွန်းလှန်ပစ်လို့
အသွင်သစ်ဆန်း
သခင်လမ်းသို့ ဆောင်ခဲ့ပြီ . . ။ ။
ဘာမထီဘွား
ဇာနည်သားမို့
ရိုးရာတို့မွေ
ဘိုးဘွားမြေကို
လက်ဝယ်ပိုင်ပိုင် နိုင်ခဲ့ပြီ . . ။ ။
အသက်ကိုပေး
လွတ်လပ်ရေးတွက်
ပေးဆပ်လို့သာ
ယူခဲ့ရှာသူ
ပြည်သူအများ
မမေ့အားပြီ
မစားဘဲနှင့် စွန့်ခဲ့သည် . . ။ ။
အောင်ဆန်းဂုဏ်ရည်
ထုံကြည်သင်းပျံ့
ရနံ့ကြိုင်သင်း
ကမ္ဘာတွင်းသို့ သင်းရပြီ . . . ။ ။
ရင်မှအနှစ်
ကဗျာချစ်ဖြင့်
အောင်ဆန်းဂုဏ်ရည်
ပူဇော်သည်။
ရတနာ
ယု
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ