Friday 12 February 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၆၉

တစ်ပင်မှာ …တစ်ကိုင်း

တစ်ကိုင်းမာ…တစ်လုံး

တစ်လုံးမှာ …ရွက်မဖုံး

လိုရာသုံး……

တစ်ဘဝမှာ…တယောက်

တယောက်ကို…တစ်သက်လုံး

တစ်သက်လုံးမှာ…အချစ်ဆုံးမို့ 

စေလိုရာစေ…ထားရာမှာနေမှာပါ…ချစ်သူ

ဗလ
=================================
နင်  ပျော်ရွှင်ပါစေ ဟာ့
ငါ့ အ ပြစ်နဲ့ငါပဲ  ရှိပါစေတော့ချစ်သူ
ရင်ခွင်သစ်မှာ  ငါ့ထက် သာပါစေ့
နောက်ဆုံးတော့  အချစ်ကြီးသူက
ကျရှုံးသူပါ့ဒါမဆန်းပါဘူးချစ်သူ
နောက်ဆုံးတော့တကယ်ချစ်တဲ့သူကပဲ
အရမ်းခံစားရတာပါ.,..'''''''''''''''

                                                  စိုးရိမ်လွမ်း
=================================
   ခေါ်သံ

လေညှင်းလေးတွေ
တိုက်ခတ်နေတာကိုမြင်ရဲ့
ခေါ်သံတချို့က
မျက်ရည်တို့စီးဆင်းရာ
ပါးပြင်ထက်မှာ
အစီအရီကခုန်လို့
ရှိုက်သံတွေကို
ချော့သိပ်နေခဲ့ပြီ
သစ်ရွက်တွေ
ကြွေနေတာကိုမြင်ရဲ့
သဲထဲရေသွန်
ဖြစ်ခဲ့တဲ့နယ်လွန်
မျှော်လင့်ချက်တွေက
ရွက်ကြွေတော့မှာ
အခက်မဝေသော
အိပ်စက်ခြင်းနဲ့
ပျော်ရွင်ခြင်းတွေကို
မေ့လျော့ နေခဲ့ပြီ
နေ့အရောင်လျှောလို့
အမှောင်တောထဲ
ပြေးဝင်နေတဲ့
နေမင်းကြီးကိုမြင်ရဲ့
လ သာပေးဖို့
မတောင်းဆိုရဲတဲ့
အညတရလူတယောက်ရဲ့
တိုးတိုးလေးခွန်းခြွေသံတခွန်းတလေ
ပြန်ကြားရင်
ကံတရား
မျက်နှာသာမပေးလို့
ဝေးဝေးက
လွမ်းတဲ့အကြောင်း
ကြယ်ပေါင်းစုံကို
ဖွင့်ပြောလို့
မြေမကျမှီ
ခြေဖွဖွလှမ်းလို့
ငါ့ရင်ခွင်နန်းဆီ
ပြန်လာဖို့
တရံတခါ
ခေါ်သံတချို့ကို
ငါ့။
အကြိုလွှတ်ထားတယ့်။

         သူရဇ္ဇ
=================================
ပန်းပွင့်သောမြေ

ငါ့ရင်မှာပွင့်
လှသောပန်းမွှေးစေ
ငါ့ရင်မှာလန်း
တင့်သောပန်း
မနွမ်းစေ
ငါ့ရင်မှာဝေ
ကြွေသောပန်း
မြေမှာမ ခစေ
အကြင်နာတခုနဲ့
ပြုစုလို့ရှင်စေ
သံယောစဉ်အစစ်
အမြစ်ဖြစ်လို့ခိုင်မြဲစေ
လန်းဆန်းစေချင်
ပင်ယံထက်
မာန်ယှက်လို့ဝင့်စေ
အပွင့်မကြွေ
ရနံ့သင်းလို့
ကြွေသမျှထက်
ပွင့်ပါစေ့။


       သူရဇ္ဇ
=================================
လေလှိုင်းသံယောဇဉ်

လေလှိုင်းမှာတွေ့
မေ့ဖို့မစွမ်းသာ
အလွမ်းနာကို
ရင်မှာပျိုးလို့
မြင်မှာစိုးတဲ့
မျက်ရည်တွေကို
အရှက်ပြေ
ခိုးသုတ်လို့
အရုပ်ကြိုးပျက်
လဲကျရမယ့်
နှုတ်ဆက်ချိန်ကို
ရင်မဆိုင်ရဲတာအမှန်
သံယောစဉ်တစ်စ
ရင်ဝမှာဆွဲချည်
မြဲပြီထင်မှ
မြင်မရတဲ့
ခွဲခွာခြင်းက
အသည်းညှာကို
အကြွေစောစေခဲ့
တိုင်းတပါးကို
နင်ထွက်သွား
ရေမြေခြားမှာငါနေ
တခါတလေ
နင်သတိရရင်
ငါ့ကိုနင်လွမ်း
ငါမှန်းဆလို့
အပြုံးမပျက်ပဲ
ဖုန်းဆက်မယ့်နေကို
မျှော်နေရုံပေါ့
ဝေးပါ့များလို့
အနေအေးတဲ့အခါ
မိတ္ထီလာကန်နားတလျှောက်ဖားကောက်လို့ပေး ဝလုံးဆိုဝိုင်းဝိုင်းရေး
ညီမလေးနားဆင်ဖို့
ဆိုပြတဲ့သီချင်းသံ
ပြန်လည်ကာကြား
ရင်ကြားမှာ
ခိုဝင်ခဲ့တဲ့
ညီမလေးရဲ့ရုပ်သွင်ကို
ကံမကုန်တဲ့တနေ့
တွေ့ချင်ပါသေးတယ်
လေလှိုင်းထဲက
သံယောဇဉ်
ညီမလေးရယ့့်။



        သူရဇ္ဇ
=================================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ