Wednesday 11 May 2016

ယဉ်ကျေးမူ့ဂုဏ်
ရွှေနှင့်ငွေဂုဏ် ရာထူးဂုဏ်ကား
လောကလူဘုံ လူဘဝမှာ
အကာမျှသာ သူတို့ငြူစူ
မကြည်ဖြူလို့ ခွါယူလို့လဲ
ယူလို့ရသည် မဟုတ်လားကွယ်
ရိုသားဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်ကား
လောကလူဘုံ လူဘဝမှာ
နှစ်သာရ ပါ သူတို့ငြူစူ
မကြည်ဖြူလို့ ခွါယူလို့လဲ
ယူလို့မရ မှတ်သားထားလေ
onlineမိတ်ဆွေ ချစ်မိတ်ဆွေတို့....
      တစ်ကောင်ဘွား(ဓာတ်တော်)
*မုသားပြောသော အကျိုး*
မုသားစကား ပြောဆိုငြားက
နောင်ခါဖြစ်လာ ဘဝတို့၌
စကားမပီ သွားမညီသည်
ခံတွင်းပုတ်ညှီ ကိုယ်ရေခြောက်ကပ်
ဣနြေ္ဒနောက် ပုံယွင်းဖောက်သည်
သြဇာမရောက် နှုတ် လျှာ ကြမ်းထော်
လျှပ်ပေါ်လှော်လှီ စိတ်မတည်ဘူး
မှတ်ထားမုသား အကျိုးများ တည်း...
 တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ