Thursday 12 May 2016

ရင်ဝယ်တသိမ့်သိမ့် (အပိုင်း-၇)

“ဟဲ့ ငါမေးနေတယ်လေ ..”


“ဟုတ် .. ဟုတ်အမေ ယုဇန စဉ်းစားနေလို့ပါ .. ဟုတ်တယ်အမေ ယုဇန 

မဖြစ်သေးဘူး”


“ဒါဆိုမဖြစ်သေးပါဘူး … ဒေါ်အေးကြွယ်ဆီ သေချာသွားစမ်းမှပါ”

ဒေါ်အေးကြွယ်ဆိုတာကတော့ မောင်တို့ရွာမှာရှိတဲ့ အိုဂျီပေါ့ … 

တစ်နည်းအားဖြင့်တော့ အရပ်လက် သည်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ 

သွားလာရခက်ခဲတဲ့ကျေးလက်ဒေသမှာ ကလေးမွေးဖို့အတွက် တစ်ရွာလုံးက 

အားထားရတဲ့ လက်သည်တစ်ယောက်ပါ။ ယုဇနလည်း ယောက္ခမဖြစ်သူနဲ့

အတူတူ ဒေါ်အေးကြွယ်ဆီကို အား ကိုးတကြီးလိုက်သွားမိပါတယ်။ 

ဟိုရောက်တော့ ဒေါ်အေးကြွယ်က သေချာကိုင်တွယ်ကြည့်ရှုပြီးတဲ့နောက်မှာ


“ဟုတ်တယ် … တကယ်ကို ကိုယ်ဝန်ရှိနေတာပဲ… ၂ လကျော်ကျော်

လောက်ရှိနေပြီ”


“ဟင် ဘယ်လို .. တကယ် ကိုယ်ဝန်ရှိနေတာဟုတ်လား .. အမလေးတော် 

ဘာမှမယ်မယ်ရရမဖြစ်သေးတဲ့ အခြေ အနေတစ်ခုမှာ ဒင်းက ကိုယ်ဝန်

တောင်လာရှိနေတယ်။ စိတ်ပျက်စရာကောင်းလိုက်တာ .. ကလေးတစ် 

ယောက်မွေးပြီး ကျွေးမွေးစောင့်ရှောက်ရတာ လွယ်တယ်များထင်နေ

လားမသိဘူး”

ယောက္ခမဖြစ်သူ ပြောစကားကြောင့် ယုဇန အတော်လေး စိတ်မကောင်း

ဖြစ်မိသွားရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. ယုဇန ဒီကလေးလေးကို 

ရအောင်မွေးမယ်။ ယုဇနကို ဘယ်လိုပဲဖိနှိပ်ပါစေ မောင့်ကိုယ်ပွားလေးကို 

မောင်မရှိတဲ့အချိန်ခဏလေးအတွင်းမှာ ယုဇန သေသေချာချာပြုစုစောင်

့ရှောက်မယ်။ မောင်ရေ .. အခု မမ မှာ မောင့်ကိုယ်ပွားလေးရှိနေပြီ

မောင်ရဲ့. .. မောင်အလုပ်တွေလုပ်ပြီး ပြန်လာတဲ့အခါ မမတို့တွေ 

မိသားစုဘ၀လေး တစ်ခုကို ပျော်ပျော်ရွှင်ရွှင်ထူထောင်ကြမယ်နော်။ 

ယုဇနလည်း အတွေးတွေနဲ့အတူ ၀မ်းသာနေပါတယ်။ ဒီကြား ထဲတော့ 

မောင့် မေမေရဲ့ဖိနှိပ်မှုဒဏ်တွေကို ယုဇန ဘယ်အချိန်အထိ 

ခံရဦးမလဲမသိပါဘူး …


“ငွေတင် .. ကလေးမလေးကြည့်ရတာ တော်တော်အားနည်းနေပုံ

ပေါ်တယ်… ကိုယ်ဝန်လွယ်ထားရတာဆိုတော့ မကောင်းဘူး … 

သေသေချာချာ ဂရုစိုက်ပါအေ ..”


“ဒေါ်အေးကြွယ်ရယ် ဘယ်လိုများဂရုစိုက်ရဦးမှာလဲ .. ကျုပ်တို့မှာက 

ဘာမှပြည့်စုံတာမဟုတ်ဘူး .. ဒီလူကို ယူရင် ဒီလိုတော့လုပ်ရမှာပေါ့ .. 

အမှန်ဆို ကျုပ်က သားကို ဦးတိုးလှိုင်သမီးလေးနဲ့ ကြောင်းလမ်းထားတာ .. 

ကောင်မလေးကလည်း လိုလားတယ် .. အိမ်ကိုဆိုအမြဲလာလည်နေတာ .. 

ကိုညိုမောင် ဘယ်တော့ပြန်လာ မလဲချည်းမေးနေတာလေ.. 

ခုတော့ ဒင်းကြောင့်… ဦးတိုးလှိုင်သမီးနဲ့ဆို ကျွန်မတို့လည်း အေးအေး

ချမ်းချမ်း နေနေနိုင်ပြီလေ .. သားလေးလည်း ဒီလို တစ်ခြားနိုင်ငံ

သွားစရာမလိုတော့ဘူး ..”


“အော် .. ငွေတင်ရယ် .. ဒါကတော့ သူ့ကံတရားနဲ့သူပေါ့ .. 

ကိုယ်စီစဉ်သလိုဖြစ်မလာမှတော့ဘာတတ်နိုင်မှာ လဲ… ခုလည်း 

ကောင်မလေးက လိမ္မာရှာပါတယ်အေ .. ဘာမှတွေးမနေဘဲ ကိုယ့်သားရဲ့ 

ရင်သွေး .. ကိုယ့်မြေး ပဲ.. ကောင်မလေးကို ဂရုစိုက်ပေးလိုက်ပါအေ ..”


“အေးပါ .. အေးပါ ..”

ဒေါ်ငွေတင်ရဲ့ ပြီးနားအေးရော အပြောနဲ့ ပြောလိုက်တဲ့အသံကို 

နားထောင်ပြီး လက်သည်ကြီး ဒေါ်အေးကြွယ်ကတော့ သက်ပြင်း

ရှည်ကြီးကိုသာ မှုတ်ထုတ်လိုက်တယ်။ ယုဇနကတော့ ခုနပြောနေ

တဲ့စကား တွေကို မကြားတစ်ချက် ကြားတစ်ချက်နဲ့ ညိုမောင့်ကို 

တမ်းတလို့ သူ့အတွေးနဲ့သူ နစ်မြောနေလေရဲ့။


ဆက်ပါဦးမည် ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ