Friday 6 May 2016

ကဗျာချစ်သူများအတွက်ပါ

*အဓိပ္ပါယ်မဲ့သော့ ငါ့ဘဝ*
မျှော်လင့်ချက်မဲ့ အနာဂတ်ပျောက်
မှောင်မိုက်ဘဝ အားအင်ချို့တဲ့
ကူညီဖေးမ ဝေးခဲ့ရသူ
ငါလိုလူတွက် နိမ့်ရာလှံစိုက်
ရက်စက်ခဲ့ကြ ကုန်းထရုန်းကြွ
လွတ်မြောက်ဖို့ကြံ စိတ်ရည်သန်လဲ
ငယ်ထိပ်ကိုစောင့် ဖနှောင့်ပေါက်၍
မြေအောက်ကိုကပ် ရက်စက်ကြလေ
သြော် ငါ့ဘဝ ဘဝကား
အဓိပ္ပါယ် မဲ့ချေပြီကော...
      တစ်ကောင်ဘွား(ဓာတ်တော်)
* ယဉ်ကျေးမူ့ကို ထိန်းပါဦး*
ရင်ကိုလည်ဟိုက် ဘဝင်ခိုက်စေ
အကောင်းဆုံး မိတ်ကပ်ကရင်(မ်)
ပေါင်ဒါတွေနဲ့ ဘယ်ညာကွဲတဲ့
တို စကတ်ရယ် မြင်သူတကာ
ဆင်ခြင်စရာမို့ ညီမရယ်
ယဉ်ကျေးမူ့ကို ထိန်းပါဦးကွယ်
ရွှေငွေရောင်စုံ ဖြူနီဝါတွေ
ဆံကေသာကို ကွေကာကောက်နှင့်
ဒေါက်ဖိနပ် လေဒီရှုး
ပလူးခြင်သလို ပလူးပြနေလဲ
အရူးမလိုပဲ ထင်မိပါတယ်
ညီမလေးရေ မြန်မာအမွေ
ယဉ်ကျေးမူ့ကို ဒို့ခေတ်ရောက်မှ
ပျောက်ခံတော့မှာလား ညီမရယ်.....
               အားပေးပါသော ကဗျာချစ်သူ သူငယ်ချင်းများအားလုံးကို အစဉ်အမြဲခင်မင်လေးစားလျှက်ပါ
      တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ