Friday 6 May 2016

ရင်ဝယ်တသိမ့်သိမ့်(အပိုင်း-၂)


လက်ထပ်ထားတာ ၅ လလောက်သာရှိနေသေးတဲ့ ပူပူနွေးနွေး ကြင်စဦး

မောင်နှံ စုံတွဲလေးက မင်းညိုမောင် နဲ့ ယုဇနချစ် … မင်းညိုမောင်က 

ယုဇနချစ်ထက် ၂ နှစ်လောက်ငယ်ပါတယ်။ အဲ့ဒီအတွက်လည်း ချစ်သူ

ဘ၀မှာကတည်းက မမ နဲ့ မောင်လို့သာ သုံးနှုန်းရင်း လက်ထပ်ပြီးတဲ့တိုင်

အောင် မမ နဲ့ မောင်အဖြစ် ချစ်ဆဲ ချစ်မြဲ ပါပဲ။ ညိုမောင်က ဧရာဝတီတိုင်း

ဒေသကြီးအတွင်းက ဟိုးတောရွာလေးတစ်ရွာကနေ ရန်ကုန်က စက်ရုံတစ်ခုမှာ 

ဝင်ရောက်လုပ်ကိုင်ရင်း ပဲခူးဘက်ကနေ အဲ့ဒီစက်ရုံမှာ အလုပ်လာလုပ်တဲ့ 

ယုဇန နဲ့ ဆုံတွေ့ရာ ကနေ အကြောင်းပါလာခဲ့တယ်ဆိုပါတော့။ ညိုမောင့်

မှာတော့ တစ်ဦးတည်းသောသားဆိုပေမယ့် မိဘနှစ်ပါး ကျန်ရှိနေသေးလို့ 

မိဘတွေကိုလည်း လုပ်ကျွေးနေရသူ၊ ယုဇနကတော့ တစ်ဦးတည်းသော

သမီးဆိုပေမယ့် ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားလို့ အရပ်ကနေ 

ဝိုင်းဝန်းစောင့်ရှောက်ထားရသူ။ အဲ့ဒါကြောင့်လည်း ယုဇနတစ်ယောက်

ညိုမောင်နဲ့ အကြောင်းပါပြီးတဲ့အခါ တစ်ကောင်ကြွက်တစ်မျက်နှာဆိုရာ

ကနေ ညိုမောင့် မိသားစုထံကို ရောက်ရှိလာခဲ့သူပါ။

စက်ရုံမှာလုပ်ကိုင်ရတဲ့အလုပ်က နေ့ဆိုင်းညဆိုင်းတွေနဲ့ဆိုတော့ နှစ်ဦးသား

အဆင်မပြေတာကြောင့် အလုပ်ထွက်လို့ ညိုမောင့်ဇာတိတောရွာလေးကို

ပြန်လာရင်းက ရင်းနှီးလုပ်ကိုင်စားကြဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အခုအခါမှာ

တော့ အဆက်အသွယ်ကောင်းတာကြောင့် ညိုမောင် မလေးရှားကို

သွားရောက် အလုပ်လုပ်ဖို့ ဖြစ် လာခဲ့တာပါ။ ညိုမောင့် အကိုတစ်ဝမ်း

ကွဲရဲ့ အဆက်အသွယ်နဲ့ အမြန်ဆုံး အလုပ်ရပြီးတဲ့အခါမှာတော့ 

ညိုမောင် တစ်ယောက် ချစ်ဇနီးလေးကို ခဏတာခွဲခွာရမယ့် အချိန်တွေ

နီးကပ်လာခဲ့ပြီပဲ။ နောက်တစ်ပတ်ထဲမှာ ညိုမောင်တစ်ယောက်နိုင်ငံခြား

သွားဖို့ စာရွက်စာရွက်တွေအားလုံး စုံလင်သွားချိန်မှာတော့ ယုဇနရင်ထဲ 

ဟာတာတာနဲ့ မောင် နဲ့ခွဲရမှာ မခွဲနိုင်သလိုလို … 

ညိုမောင်ကလည်း လက်ထပ်ထားတာမှ မကြာသေးတဲ့ ချစ်ဇနီးလေးကို 

ခွဲခွာထားခဲ့ရမယ်ဆိုပေမယ့် သူထားခဲ့ရမှာက မိဘနှစ်ပါးထံမှာဖြစ်နေ

တော့လည်း စိတ်ချလက်ချဖြစ်ရပါတော့တယ်။ ညိုမောင့်မိဘတွေက 

လည်း ယုဇနကို ကြည်ကြည်ဖြူဖြူနဲ့ အိမ်အလုပ်တွေကိုတောင် ယုဇနက 

အတင်းဝင်လုပ်ခဲ့ရတဲ့အထိ ချစ်ကြ တယ်လေ။ အစပိုင်းကညိုမောင် 

လက်ထပ်မယ်ဆိုချိန်မှာ မိခင်ဖြစ်သူက ငြင်းဆန်ခဲ့ပေမယ့် တကယ်တမ်း

လက် ထပ်ကြပြီး ချစ်ဇနီးလေးကို အခုလိုအိမ်ပေါ်အရောက်ခေါ်လာခဲ့

တော့လည်း မိခင်ဖြစ်သူဘာမှမပြောတော့။ ဘာမှမပြောတဲ့အပြင် ဇနီးသည်ကို

လည်း အလိုလိုက် ချစ်မြတ်နိုးတာ တွေ့ရတော့ ညိုမောင် ၀မ်းသာပီတိတော့ 

ဖြစ်ရတယ်လေ။ ဒါကြောင့်လည်း ချစ်ဇနီးကို စိတ်ချလက်ချထားခဲ့ပြီး 

နိုင်ငံခြားရပ်မှာသွားရောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်နိုင်ခဲ့တာပါပဲ။ ခဏလေးပါပဲ 

မမ ရယ်… မောင် ကြိုးစား အလုပ်လုပ်ပြီး ပြန်လာတဲ့အခါ မောင်နဲ့ မမ နဲ့ 

ထာဝရမခွဲကြတော့ဘဲ အတူတူနေထိုင်ကြရတော့မှာပါ .. အဲ့ဒီကျရင် 

ဖေဖေရယ်.. မေမေရယ်.. မမရယ်.. နောက် မောင်တို့ရဲ့ ရင်သွေးလေး

တွေရယ် .. မခွဲကြတော့ဘူးနော် …


ဆက်ပါဦးမည် ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ