Thursday 12 May 2016

ရင်ဝယ်တသိမ့်သိမ့်(အပိုင်း-၁၀)

ဆေးမှူးက တစ်ပတ်လောက်ကြာမယ်ဆိုတာကြောင့် ယုဇနလည်း 

ယောက္ခမဖြစ်သူတိုက်တဲ့ ငမ်း ဆေး ဆိုတာတွေကို သောက်ရင်းနဲ့ပဲ 

အိပ်ယာထဲလဲနေခဲ့တာ ဒီနေ့နဲ့ဆို  သုံးရက်တောင်ရှိနေပြီလေ .. လူက 

အား နည်းနေတဲ့ဒဏ်တွေနဲ့ နေမကောင်းဖြစ်တဲ့ဒဏ်တွေကြောင့် ယုဇန 

ဒီနေ့ဆို အိပ်ယာထဲကတောင် မထနိုင် တော့ .. ယောက္ခမဖြစ်သူကိုယ်တိုင် 

အိပ်ယာဘေးမှာ ထိုင်စောင့်ပြီး ပြုစုနေရတဲ့အခြေအနေဖြစ်နေပြီလေ .. 

မောင် ရယ် .. ဒီအချိန် မောင်သာရှိခဲ့ရင် မမကို အတင်းပွေ့ခေါ်ပြီး 

မြို့အထိသွား ဆေးကုပေးမှာ သေချာတယ် .. ဒီလိုအချိန်မှာ မောင့်ကို 

ပိုလို့ တမ်းတမိတယ်မောင်ရယ် .. အရပ်ဝေးသွားပြီး အလုပ်လုပ်နေ

တဲ့သူကို မတမ်းတ ကောင်းဘူးဆိုပေမယ့် ယုဇနလေ .. အခုရက်မှာမှ 

မောင့်ကို ပိုပြီး သတိရနေမိတယ် .. ယုဇန နေမကောင်းဖြစ် နေတာ

ကြောင့် ထင်ပါရဲ့လေ ..


“ဒေါ်ကြီးငွေတင် .. ဒေါ်ကြီးငွေတင် …”

ယုဇနတွေးနေတုန်းမှာပဲ အိမ်ရှေ့ကခေါ်သံကြောင့် ယောက္ခမဖြစ်သူ 

အိမ်ရှေ့ကို အလျင်အမြန်ထွက် သွားပါတယ် ..


“ဟဲ့ ဘယ်သူလဲ ..”


“ကျွန်တော်ပါ ဖိုးမောင် .. ဒွေးလေးလွှတ်လိုက်လို့ ..”


“ဖိုးမောင် .. အေး မင်းဟိုဘက်ရွာက ဖိုးမောင်မဟုတ်လား .. 

လာကွဲ့ဘာကိစ္စရှိလို့လဲ”


“ဟို … ဒွေးလေးက လွှတ်လိုက်လို့ .. ကိုညိုမောင် .. ကိုညိုမောင် ကြီးလေ ..”


“ငါ့သားညိုမောင် မလေးရှားရောက်နေတယ်လေကွယ်”


“ဟုတ် .. ဟုတ်ပါတယ် အဲ့ဒီ မလေးရှားက ကိုညိုမောင်အကြောင်းပါပဲ”


“ဟေ ငါ့သားဘာဖြစ်လို့လဲ”


“ဟို ကိုညိုမောင်ကြီးလေ .. မလေးရှားမှာ အလုပ်လုပ်ရင်း တိုက်ပေါ်က 

ပြုတ်ကျလို့ ဆုံးပြီတဲ့ .. အဲ့ဒါ သုံးရက် လောက်ရှိပြီတဲ့ မနေ့ကမှ 

မြို့က လူကြုံနဲ့ ဒွေးလေးက အမှာပါးလိုက်လို့ လာပြောတာ ..”


ဇာတ်သိမ်းပိုင်းမျှော် ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ