Sunday 8 May 2016

ရင်ဝယ်တသိမ့်သိမ့် အပိုင်း(၄)

ယုဇနတစ်ယောက် ထမင်းအိုးကျလို့ ရေနွေးအိုးဆက်တည်နေတုန်းမှာပဲ 

ညိုမောင့် မိခင်ဖြစ်သူရောက် ရှိလာပြီး ..


“ခုထိ မပြီးသေးဘူးလား.. ခုချိန်ကတည်းက လယ်ထဲသွားဟင်း

ရွက်မချိုးရင် သူများရှာသွားတာနဲ့ ကုန် သွားမယ်။ အလုပ်လုပ်တာလည်း 

နှေးကွေးလိုက်တာ လွန်ပါရော။ ညည်းလို မိန်းမမျိုးကို ငါ့သားဘယ်လို

များရှာ တွေ့လာလဲ မပြောတတ်တော့ဘူး .. သွားမြန်မြန် ဟင်းရွက်သွား

ချိုး၊ ပြီးရင်တစ်ခါတည်း ဟိုဘက်အပိုင်းက မတင်လှကို ဒီနေ့ ငါးရှာ

ထွက်မလားဝင်မေးခဲ့ .. ပြီးရင်လည်း မြန်မြန်ပြန်လာ ဘယ်မှ သဝေထိုး

မနေနဲ့ .. ငါးရှာ ထွက်မယ်ဆိုရင် ဟင်းအိုးမြန်မြန်တည်ပြီး ညည်းပဲ

လိုက်သွားရမှာ”

ယုဇနတစ်ယောက် ယောက္ခမဖြစ်သူရဲ့ စီမံမှုတွေကို ဘာတစ်ခွန်းမှ 

အထွန့်မတက်ရဲ။ ဟုတ်ကဲ့ တစ်ခွန်းသာပြောနိုင်ပြီး ခိုင်းတဲ့အတိုင်း

ခပ်သုတ်သုတ်ထွက်သွားလိုက်ရပါတယ်။ လယ်ကွက်တွေမှာ အလေ့

ကျ ပေါက်နေတဲ့ ကန်စွန်းညွှန့်တွေ၊ လယ်ပတူတွေကို ချိုးယူအပြီးမှာ

တော့ ရွာတစ်ဖက်ပိုင်းကို ခပ်သုတ်သုတ်ဆက် ထွက်ပြီး မတင်လှအိမ်ကို

အရောက်သွားလို့ …


“မတင်လှ .. မတင်လှ .. မတင်လှ ရှိလား…”

တော်တော်ကြာအောင် အိမ်ရှေ့ကနေ အော်ခေါ်နေပြီးမှ အိမ်နောက်ဖေး

ဘက်က ထွက်လာတဲ့ မတင်လှ ကို ယုဇနက..


“မတင်လှ ဒီနေ့ ငါးရှာထွက်မလားတဲ့ အမေ မေးခိုင်းလို့”


“အော် ယုဇနလား .. ဒီနေ့တော့ မသွားနိုင်တော့ပါဘူး. သိပ်လည်း

နေမကောင်းချင်ဘူး .. နက်ဖြန်မှသွားမယ် လို့ ဒေါ်ငွေတင်ကိုပြောလိုက်ဦး .. 

ဒါနဲ့နင့်ယောင်္ကျားက ညားတာမှမကြာသေးဘူး ထွက်သွားတော့ 

မလွမ်းဘူး လားဟဲ့”


“မလွမ်းနေမလား မတင်လှရယ် .. ကျွန်မဖြင့် ညက တော်တော်နဲ့

အိပ်မပျော်ပါဘူး. အိပ်ပျော်တော့လည်း အိပ် မက်က မက်နဲ့ ..”


“အေးလေ .. ဟုတ်မှာပေါ့ .. ဒါနဲ့ နင့်ယောက္ခမ ဒေါ်ငွေတင်နဲ့ကော

အဆင်ပြေရဲ့လား..”

မတင်လှရဲ့ အမေးကြောင့် ယုဇနတစ်ယောက် မျက်နှာပျက်သွားပြီး 

စိတ်မကောင်းဖြစ်မှု၊ ၀မ်းနည်းမှု တွေတိုးဝင်လာခဲ့ပေမယ့် အသာပြန်ထိန်းရင်း …


“ပြေပါတယ် .. မတင်လှရဲ့ အမေက ကျွန်မကို သမီးလေးကိုချစ်တာပဲဟာ…”


“အေးပါအေ .. ပြေရင်လည်း ပြီးတာပဲ .. ငါတို့က နင့်ယောက္ခမ စိတ်ကို

သိလို့မေးတာ … ဒီလိုပြေလည်တယ် ဆိုတော့ ၀မ်းသာပါတယ် .”


“ဟုတ်ကဲ့ပါ မတင်လှရယ် …. ဒါဆိုကျွန်မသွားဦးမယ်နော် …

အမေစိတ်ပူနေမှာစိုးလို့…”


“အေး .. အေး .. ဒေါ်ငွေတင်ကိုတော့ပြောလိုက်ဦးနော် .. နက်ဖြန်တော့ 

ဆက်ဆက် ငါးရှာထွက်ကြတာပေါ့ လို့..”

ဟုတ်ကဲ့ လို့သာပြန်ပြောပြီး ယုဇနတစ်ယောက် ရွာလယ်လမ်းအတိုင်း 

အိမ်ကိုပြန်ခဲ့ရာမှာတော့ ခေါင်း ထဲမှာအတွေးအစီအရီနဲ့ ခြေလှမ်းတွေလည်း 

သိသိသာသာလေးလံနေတယ်ဆိုတာ ယုဇနကိုယ်တိုင်က လွဲပြီး 

ဘယ်သူသိမှာလဲ။


……………………………


ဆက်ပါဦးမည် ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ