Thursday 26 May 2016

လိုအပ်နေတဲ့ရင်ခွင်



❆ လိုအပ်နေတဲ့ရင်ခွင်❆ 


အထီးကျန် နေတဲ့ငါ့ဘဝထဲကို

နင်ဝင်လာကြည့်ပေးနိုင်မလား

နင်မြင်တာ

နင်တွေ့တာ

နင်ကြားတာတွေက

ငါ့ရဲ့အထီးကျန်မှု

သိမ်ငယ်မှု

အားငယ်စိုးရွံ့စိတ်တွေကို

လူမသိအောင်ဖုးံဖိရင်း

ပျော်ရွှင်အမြဲစနောက်ဆဲ

ရဲရင့်တဲ့လူတယောက်

ငါ့ဘဝထဲ

ခဏဝင်လာခဲ့

အထီးကျန် မှုကိုအဖော်ပြု

သိမ်ငယ်မှု ကိုဖေးမ

အားငယ်မှုကိုဖျောက်ပစ်

စိုးရိမ်စိတ် ကိုတော်လှန်ဖို့

နင့်ကိုငါလိုအပ်နေတာပါ

ကျေးဇူးပြု၍

ခဏဖြစ်ဖြစ်ဝင်လာလှည့်ပါ ချစ်သူရယ်....။


                                  စုန်း



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ