Monday 30 May 2016

သိပ်ချစ်ခဲ့လို့

သိပ်ချစ်ခဲ့လို့
========
သစ်ရွက်လှုပ်တိုင်း စိတ်ကူးယဉ်တတ်တဲ့
အရွယ်မဟုတ်တော့ပေမယ့်
မင်းအပြုံးတွေမြင်လိုက်တိုင်းမှာတော့
ငါ့ရင်ခုန်သံတွေ ထိန်းမရတော့တာ ၀န်ခံပါတယ် ...
နောက်ကနေလိုက် စကားပြောတာခံရတိုင်း
ရင်ခုန်စိတ်လှုပ်ရှားတတ်တဲ့အရွယ်မဟုတ်တော့ပေမယ့်
မင်းစကားတွေကြားမှာ နစ်ဝင်စီးမျောလို့
နှလုံးခုန်သံမမှန်တော့တာ ၀န်ခံပါတယ် ...
ရင်ခုန်ခဲ့ဖူးသလို ချစ်ခဲ့ဖူးတာလည်းမှန်တယ်
ဒါပေမယ့် ...
မင်းကြောင့်ဖြစ်တည်လာတဲ့ ရင်ခုန်နှုန်းကတော့
အသံရှူသံတွေတောင်ရပ်တန့်သွားစေတယ် ..
မင်းကိုချစ်တဲ့အချစ်တွေကလည်း
ငါ့ကိုယ်ငါထက်တောင်ပိုနေသေးတယ် ....

မုန်း (BeeTalk)






အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ