Friday 20 May 2016

မိုးချစ်သူမိုး


တိမ်တောင်တိမ်လိတ်တွေ တရိပ်ရိပ်တက်လို့

ဟိုးဝေးဝေးမှာ မိုးရိပ်တွေလှမ်းမြင်နေရတယ်..

မိုးကိုသိပ်ချစ်တဲ့ ကိုယ့်ချစ်သူ မိုး 

ဒီမိုးကြောင့်ပဲ ကိုယ်တို့တွေခွဲခွာခဲ့ရတာ ....

မိုးမှောင်တွေကျလာလေတိုင်း

ကိုယ့်ရင်ကွဲသံ ကိုယ်ပြန်ကြားနေရတုန်း ...

၁၀ နှစ် ၁၀ မိုးကြာသွားခဲ့ပေမယ့်

အခုအချိန်အထိ အမှတ်ရနေမိတုန်း

မိုးကိုချစ်တဲ့ ... မိုး ...

အဲ့ဒီမိုးတွေနဲ့အတူပဲ အဝေးဆုံးကိုထွက်ခွာသွားခဲ့တာ

အရင်တစ်ချိန်ကတော့ ...

ကိုယ်ချစ်သူ ချစ်တဲ့ ဒီမိုးကို

ကိုယ်လည်းနှစ်သက်ခဲ့မိပါရဲ့ ....

အခုများတော့ ...

မိုးရိပ်မြင်လိုက်တာနဲ့

ဝမ်းနည်းမှုနဲ့အတူ ဒေါသတွေရောယှက်ပါလာနေတုန်း ...

ကိုယ့်ရင်ထဲကမိုးကတော့ ထာဝရအတွက် 

အစားထိုးမရနိုင်တော့ဘူး ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ