Wednesday 4 May 2016

# ရုပ်သေးမဟုတ်တဲ့ ငါ#
အမေ သွေးတစ်စက်
အဖေချွေးစက်တွေနဲ့
ရှင်သန်ခွင့် ရခဲ့တဲ့ ငါ
သစ္စာမရှိတဲ့ ချစ်သူအတွက်
ကြေကွဲဝမ်းနည်းနေမယ်
မထင်နဲ့လေ မိန်းကလေးရယ်...
မာယာတစ်သိန်းနဲ့
ရှောင်တိမ်းသွားတဲ့ နင့်ကို
sorryပါလို့ ပြောမယ်
အချစ်အတွက်နဲ့ လူဖြစ်လာဖို့
မဟုတ်သလို နင်အတွက်လဲ
ကြိုးစွဲရာ ကမည့်
ရုပ်သေးရုပ်လဲ မဟုတ်ဘူးနော်
မချစ်ရင်ထားခဲ့ ဝမ်းမနည်းဘူး
စောပြီးပြောရင် sorry ပါပဲ...
          တစ်ကောင်ဘွား(ဓာတ်တော်)
 * မိုးရေထဲက သူသို့*
 မိုးတွေ ရွာသွန်းနေတဲ့ နေ့မှာ
မဖိတ်ခေါ်ပဲ ရောက်လာခဲ့သလို
ငါ မနှင်ပါပဲ ပြန်ခဲ့သူရယ်
ကျန်ခဲ့သူရင်က ဝေဒနာ
ချန်ခဲ့သူ မသိပေမဲ့
မေ့မရသူ အလွမ်းနဲ့
တမ်းတလို့ ကဗျာရေးမယ်
မိုးရေထဲက ချစ်သူရယ်
ဝသန်ရာသီ ရောက်လေတိုင်း
ကျန်ခဲ့သူရင်ထဲ
မျက်ရည်မိုးတွေ ရွာသွန်းနေဆဲ
လွမ်းနေဆဲပါ ချစ်သူရယ်.,
      တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ