Sunday 8 May 2016

ရင်ဝယ်တသိမ့်သိမ့် အပိုင်း(၆)

ယုဇနတစ်ယောက်အိမ်ပြန်လာပြီး ပါလာတဲ့ငါးလေးတွေကိုလှောင်အိုးထဲ

ထည့်လို့ ကိုယ်လက်သန့် စင်ပြီး အိပ်ယာထဲဝင်လှဲနေလိုက်ပါတယ်။ 

ရင်ထဲမှာပြည့်ကယ်နေပြီး ထမင်းစားချင်စိတ်လည်းမရှိတာကြောင့် 

ယုဇန နေ့လည်စာတောင်မစားဖြစ်တော့။ ယုဇန နားနေတုန်းမှာပဲ … 


“အမလေးနော်… ငါ့အိမ်က သူဌေးမကတော့ တစ်မနက်လေးငါးထွက်ရှာ

ခိုင်းပါတယ်။ အိမ်အလုပ်တွေ ဘာမှကို မလုပ်တော့ဘူး။ တော်တော်လေး

ပင်ပန်းနေတယ်ထင်ပါ့။”

ယောက္ခမ ဖြစ်သူရဲ့အသံကြောင့် မှေးခနဲခဏဖြစ်သွားတဲ့ ယုဇန အိပ်ယာ

ကနိုးသွားပြီး ထထိုင်ဖို့အလုပ် မှာ ခေါင်းထဲက မိုက်ကနဲဖြစ်လို့ ပြန်လဲကျ

သွားရတယ်။ ဒီအချိန်မှာ ယောက္ခမ ဖြစ်သူ အိပ်ယာရှေ့အရောက်နဲ့ 

တိုးတော့ အခန်းတွင်း ၀င်လာပြီိး ..


“အမလေးတော် ညည်းလည်း နုလိုက်တာ လွန်ပါရော။ ဘယ်လိုဖြစ်လို့ 

ဒီလောက်ကလေးလုပ်ရတာ မူးရမော်ရ တာနဲ့”


“ပထမတစ်ခါတုန်းက အဲ့ဒီလိုမဖြစ်ပါဘူး အမေရယ်.. ခုက နည်းနည်းများ

ကြာသွားလို့လားမသိပါဘူး။ ယုဇန ခေါင်းထဲမူးနေလို့ပါ…”


“ညည်း ကြည့်ရတာ တစ်မျိုးတော့ တစ်မျိုးပဲ မှန်းစမ်း …”

ယုဇနကို အလင်းရောင်ထဲထုတ်ပြီး ယောက္ခမဖြစ်သူက မျက်နှာတွေသေချာ

ကြည့်ပြီးတဲ့အခါမှာတော့..


“ညည်း ခေါင်းတွေဘာတွေမူးလား .. အန်ကောမအန်ချင်ဘူးလား… 

ရင်ထဲမှာ ပြည့်ကယ်ကယ်ကြီးနဲ့ ဖြစ်နေ လား”


“ဟုတ်တယ် အမေ … ယုဇန ဟိုနေ့က အစားမှားသွားလားမသိဘူး 

၂ ရက်ရှိပြီ အဲ့ဒီလိုဖြစ်နေတာ”


“ညည်း ဟိုကိစ္စကော မှန်ရဲ့လား”

ယောက္ခမ ဖြစ်သူ မေးမှ ယုဇန သတိထားမိတယ် .. မောင် သွားတာ 

တစ်လခွဲလောက်ရှိနေပြီ။ ဒီကြားထဲ ယုဇန မိန်းကလေးကိစ္စ တစ်ကြိမ်မှ 

မဖြစ်ခဲ့။ နေ့တိုင်းအလုပ်တွေများနေတာနဲ့ ယုဇန မေ့မေ့လျော့ လျော့ရှိ

နေခဲ့တာ။ ဒါဆို ယုဇနမှာ … ယုဇနမှာ မောင့်ကိုယ်ပွားလေးများ ရှိနေပြီလား… 

ပျော်လိုက်တာ မောင် ရယ်… ယုဇနမှာ မောင့်ကိုယ်ပွားလေးသာ 

တကယ်ရှိနေခဲ့ရင် အမေလည်း ယုဇနကို အခုလို ဆက်ဆံမှာမဟုတ် 

လောက်တော့ဘူး.. သားအချစ်မြေးအနှစ်တဲ့ သူတို့မြေးလေးမျက်နှာနဲ့ 

ယုဇနကို မောင်ရှိတုန်းကလို သမီးတစ် ယောက်လို ပြန်ပြီး ဆက်ဆံနိုင်တယ်။ 

ယုဇန ၀မ်းသာလိုက်တာ မောင်ရယ်…. ၀မ်းသာလိုက်တာ …


ဆက်ပါဦးမည် ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ