Friday 6 May 2016

ရင်ဝယ်တသိမ့်သိမ့်(အပိုင်း-၁)


လေနုအေးအေးတိုက်ခတ်မှုနဲ့အတူ ချောင်းရေပြင်ကတော့ ငြိမ့်ငြိမ့်

ညောင်းညောင်း စီးဆင်းနေလေတယ်။ ရေစီးနဲ့အတူ ဗေဒါပင်လေး

တွေကလည်း အပွင့်လေးကိုခြံရံပြီး ဟိုတစ်ကွက်ဒီတစ်ကွက် ရေစီးနဲ့အတူ 

လိုက်ပါရွေ့လျားနေလေရဲ့။ ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်လွန်းနေသလို 

တစ်ချက်တစ်ချက်ထွက်ပေးလာ တဲ့ ချောင်းကမ်းစပ် သစ်ပင်တွေပေါ်က 

ငှက်ကလေးတွေရဲ့ ကျလိကျလိ အော်မြည်သံကိုကြားနေရတယ်။ 

ချောင်းလေးရဲ့ နဘေးတစ်နေရာမှာတော့ ၀ါးလုံးလေးတွေခင်းပြီး တည်

ဆောက်ထားတဲ့ ရေချိုးစင်လေးတစ်ခု၊ အဲ့ဒီရေချိုးစင်လေးပေါ်မှာတော့ 

သက်ရှိလူသားနှစ်ဦး ရေစင်ကနေ ချောင်းအတွင်းကို ခြေတွဲလွဲချလို့၊ 

တစ်ဦးရဲ့ ရင်ထဲမှာ နောက်တစ်ဦးက ခိုဝင်လို့ ငြိမ်သက်နေလိုက်တာ 

ကျောက်ရုပ်တွေအလားပါပဲ။ အဲ့ဒီလို တိတ်ဆိတ်မှု ကိုစတင်ဖြိုခွင်း

လိုက်တာကတော့ သနပ်လေးပါးကွက်ကျားနဲ့ ဆံပင်လေးကို အပေါ်ပင့်

တင်ပြီး ခပ်မြင့်မြင့်ထုံး ထားတဲ့ မိန်းမပျိုလေးကို ရင်ခွင်အတွင်း

ထည့်သွင်းထားတဲ့ ယောင်္ကျားပျိုတစ်ဦး …


“မမ ငြိမ်လှချည်လား .. မောင့်ရဲ့ မမ က သာလိကာမလေးပါ .. 

ခုမှငြိမ်လွန်းနေတော့ မောင်တောင် မနေတတ် တော့ဘူး … စကားလေး

ဘာလေး ပြောပါဦး မမရယ် ..”


“မောင်ရယ် … မမ အခု ဘာစကားမပြောချင်သေးဘူး.. ဒီတိုင်းလေးပဲ 

မောင့်ရင်ခွင်ထဲမှာ မောင့်အငွေ့အသက် လေးတွေနဲ့ငြိမ်ငြိမ်လေး နေချင်

သေးတယ် ..”


“အော် မမ .. ရယ် .. မောင်က တသက်လုံးထွက်သွားမှာကျနေတာပဲ ..

ဒီတိုင်းလေး သုံးနှစ်လောက်လေးကို ၀မ်းမနည်းပါနဲ့ မမ ရယ် .. 

မောင်တို့နှစ်ယောက်အနာဂတ်အတွက်ပဲ မောင် သွားမှာပါ .. ဒီကြားထဲ 

ဖေဖေ ၊ မေမေတို့နဲ့ကျန်ခဲ့ရမှာ ဘာများ ၀မ်းနည်းစရာရှိလဲ .. မေမေဆို

လည်း မမ ကို ဘယ်လောက်ချစ်လဲ .. သမီးရင်း လေးတစ်ယောက်လိုပဲ..”


“ဟုတ်ပါတယ် မောင်ရယ်.. အဲ့ဒါတွေကို မမ နားလည်ပါတယ်.. 

မောင် သွားတာလဲ သုံးနှစ်ပဲဆိုတာလည်း သိပါ တယ် .. ဒါပေမယ့် 

မောင် ရယ် မမ အတွက်တော့ သုံးနှစ်ဆိုတာလည်း သုံးကမ္ဘာမကပါပဲ.. 

အခုလို မောင့် အနားမှာရှိခွင့်ရတဲ့ အချိန်လေးအတွင်း ခဏလောက် 

ငြိမ်ငြိမ်လေး နေပါရစေနော် ..”


“ဟုတ်ပါပြီဗျာ .. သဘောရှိပါ .. မမ သဘောကျပါပဲ ..”

အဲ့ဒီလိုနဲ့ ရေပြင်လေးကလည်း သူ့အတိုင်းစီးဆင်းရင်း … ဗေဒါပင်လေး

တွေကလည်း သူ့လမ်း အတိုင်း ရွေ့လျားရင်း ငှက်ကလေးတွေကလည်း 

အော်မြည်ရင်း .. လေပြေညင်းလေးတွေကလည်း အေးအေးမြမြ

တိုက်ခတ်ရင်းနဲ့ ၀ါးလုံးရေကပြင်လေးက စုံတွဲလေးကလည်း 

သူ့အလွမ်းတွေနဲ့သူ ငြိမ်သက်ရင်းပေါ့ .. 


………………………………..


ဆက်ပါဦးမည် ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ