Saturday 7 May 2016

တစ်ကောင်ဘွား ရေးတဲ့ ရင်ဖွင့်စကား

*အမှတ်တရ*
အမှတ်တမဲ့
မဆုံဖြစ်ခဲ့ရင်
အမှတ်တရဆိုတာ
ရှိခဲ့မှာ မဟုတ်ဘူးနော်
ကောင်မလေးရယ်...
အခုတော့ ငါ့ရင်ထဲမှာ
သံယောဇဉ်ကြိုးတစ်စက
ရင်မှာတိုးဝှေ့လို့
အမှတ်တမဲ့ ဆုံတွေ့ခဲ့ နေ့ကို
မေ့မရတော့ ကိုယ်ရင်ထဲမှာ
အမှတ်တရတွေ ဖြစ်ခဲ့ပြီ...
          တစ်ကောင်ဘွား(ဓာတ်တော်)
*သင်ရောငါပါ ဧည့်သည်တွေပါ*
ဘဝဆိုတာ ဇာတ်ခုံပါကွာ
ဒို့ဇာတ်ဆရာ ကံကြမ္မာမို့
သူပြုသမျှ သရုပ်ဆောင်ရ
ဒို့ဘဝတွေနော် သူငယ်ချင်း....
ဘဝတကွေ့ ခဏတွေ့လို့
ခင်မင်ကြနဲ့ ပျော်ရ ရွှင်ရ
ဒို့ဘဝကား ဇာတ်ကွက်လဲစုံ
ပင်ပန်းတာလဲ များလှသနော်
တစ်နေကွယ်က သေနယ်ရွာသို့
သင်ရောငါပါ သွားရအုံးမည်
လာပြီးအစဉ် ပြန်ဖို့ပြင်က
သင်၏နောက်မှာ သင့်ဥစ္စာနှင့်
သင် သား မယား တစ်ခုမပါ
ကံသာလျှင် အရိပ်ထင်သည်မို့
ငါတို့တတွေ ဒါန သီလ
ရိက္ခာမျိုးကောင်း စုဆောင်းဖို့ရယ်
အချိန်တန်ပါပြီ သူငယ်ချင်း..,
ဒို့တတွေဟာ ဧည့်သည်တွေမို့....
      တစ်ကောင်ဘွား(ဓာတ်တော်)
09442095465
မြန်မာလူငယ်မိသားစု

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ