Wednesday 25 May 2016

*အလွမ်းတွေနဲ့ ငါ့ဘဝ* *ဝေဒနာတွေ ရင်မှာအပြည့်နဲ့ ပေတစ်ရာလမ်းမပေါ်မှာ မရေမရာ ခြေလှမ်းတွေနဲ့ အလွမ်းတွေကို ကျောပိုးလို့ လျှောက်လှမ်းနေရ ငါ့ဘဝ... *မသေချာတဲ့ အနာဂတ်ကို ဝေဒနာတွေ အမှတ်ပြည့်နဲ့ ကျော်ဖြတ် တစ်ရက်ပြီးတစ်ရက် အနမ်းခြေဖူးတဲ့ နေရာလေးမှာ မင်းပြန်မလားလို့ တွေးရင်း မျှော်လင့်နေရ ငါ့ဘဝ... *မေတ္တာမပါ မာယာတွေနဲ့ ငါ့အသဲကို ကစား နှလုံးသားကို နင်းခြေခဲ့တဲ့ မင်း ခြေဖဝါး နုနု သွေးခြေမဥပါစေနဲ့လို့ ဆုတောင်းပေးရင်း လွမ်းသီချင်းနဲ့ လွမ်းရင်းလွမ်းရ ငါ့ဘဝပါ.,.. တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ