Monday 2 May 2016

ကောင်မလေး သိပါစေ


ကောင်မလေးရေ...
ဟို တစ်ချိန်တုန်းကတော့ ရင်ခုန်သံဆိုတာ ငါ့အတွက်တော့ အသက်ရှင်ဖို့ သက်သက်ပဲလို့ထင်ခဲ့မိတယ်...မင်းကိုချစ်မိပြီဆိုမှတော့ အချစ်ကမွေးဖွားပေးလိုက်တဲ့ ရင်ခုန်သံရဲ့ နွေးထွေးမူ့ကို ငါသိရှိခံစားတက်ခဲ့ပြီ....
ကောင်မလေးရေ....
မြင်မြင်ခြင်း ချစ်ခဲ့မိတာ မဟုတ်ပေမဲ့အမှတ်သားကောင်းတဲ့ ငါ့နှလုံးသားက ညနေခင်းရဲ့လေပြေထဲမှာနေဝင်ဆည်းဆာရောင်နဲ့အပြိုင် မျက်ရည်မိုးတွေရွာသွန်းရင်း ဝမ်းနည်းမူ့တွေ ထွေးပိုက်လို့ ပျံသန်းသွားတဲ့ မင်းပုံရိပ်ဟာ ငါ့အတွက်တော့ ဘယ်တော့မှမေ့မရတဲ့ ပန်းချီကားတစ်ချပ်ပေါ့..,..။
ပန်းပေးရင် အလှမ်းဝေးတယ်ဆိုတဲ့ စကားကို ငါ့အတွက်တော့ ခြွင်းချက်အနေနဲ့ ကြက်ခြေခတ်လိုက်ပါရစေ ကောင်မလေး အဖြူစင်ဆုံးနှလုံးသားပိုင်ရှင်ကို အဖြူစင်ဆုံး ပန်းလေးတွေသီကုံးပြီး ပေးခဲ့ဖူးတယ်နော် ငါပေးခဲ့တဲ့ပန်းလေးတွေကို အမြတ်တနိုးတန်ဖိုးထားပြီး မင်းရဲ့ဆံကေသာထက်မှာ ပန်ဆင်ဖြစ်ရဲ့လား ...ငါပေးခဲ့တဲ့ ပန်းလေးတွေက အချိန်တန်ရင် ခြောက်သွေ့လို့ တန်ဖိုးမကြီးပေမဲ့ အဲ့ဒီထဲမှာ ငါ့စေတနာ ငါ့မေတ္တာ ငါ့အချစ်တွေ အဆုံးထိပြောရရင် ငါ့နှလုံးသားကို တစစီဖဲ့ခြွေတစ်ခုခြင်းဆီ သီကုံးပြီးပေးခဲ့တာပါ ကောင်မလေးရယ်....
အရာရာတိုင်းမှာ တန်ပြန်သက်ရောက်မူ့ရှိတယ်တဲ့ ငါမင်းကို မြတ်နိုးတန်ဖိုးထားပြီး ချစ်ခဲ့မိတာပါ...ငါ့ကို မချစ်နိုင်ဘူးဆိုရင်တောင် ခပ်ပါးပါးလေးပဲဖြစ်ဖြစ် ပြန်ချစ်နိုင်ပါစေလို့ ဘုရားမှာ အခါခါဆုတောင်းနေမိပါတယ် ကောင်မလေးရယ်.....
 တစ်ကောင်ဘွား(ဓာတ်တော်)
09442095465
အားပေးသူအပေါင်းကို အစဉ်အမြဲ လေးစားခင်မင်နေဆဲပါ
     

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ