Monday 2 May 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၈၂

* မမေ့ရက်သော်လဲ *

တို့ဝေးခဲ့ပြီ မဆုံသောလမ်းမှာ
ဒါပေမဲ့ အပြစ်မမြင်ပါဘူး
ကိုယ် အချစ်တွေရင်းခဲ့ရုံလေးပဲ
သူ ထားခဲ့တာမဟုတ်ပါဘူး
ငါ ရုန်းထွက်ခဲ့ပေးတာပါ
မချစ်လို့မဟုတ်ပါဘူး ကွာလို့
ဒီနှုတ်ခမ်းပါးတွေက
ဖွင့်ပြောဖို့ဆွံ့အနေခဲ့တဲ့အတွက်
မင်းယုံအောင် ကြိမ်ပြဆို
ကမ္ဘာမြေကိုသက်သေပြု လို့
ကြိမ်ပြမှာပေါ့ ကွယ်

မင်းမရှိလို့မဖြစ်တာသိတယ်
မင်းထားလို့ဝေးမှာ
ကြောက်တယ် ငါက
အချစ်ဆိုတာကို ထာဝရအတွက်
တဘဝအတွက်
ပေးဆပ်လို့ဆက်ချစ်ရမှာ
ကလေးကစားစရာမှမဟုတ်တာပဲ
အချစ်ရဲ့ နေပါကွယ်
မမေ့ရက်သော်လဲ
တိတ်တဆိတ်အဝေးမှာ
ငါ ခိုးချစ်ပါ့မယ် မင်းလေးသွားတော့ကွယ်အချစ်ရယ်။
                        Phyur.../\/*L့
=================================
  အလွမ်းနံနက်ခင်း


စိုပြေမှု့မရှိ
လေးသွဲ့သွဲ့
သက်ပြင်းတွေနဲ့
မနက်ခင်းတခုကိုနိုးထ
အစိုးမရတဲ့
အိမ်မက်အလွန်က
ရယ်သံတချို့က
လက်တို့ပြီးခေါ်
ရေပေါ်လျှောက်တဲ့
ချစ်သူခြေရာတွေက
အလွမ်းနယ်ဆီကို
ဦးတည်ခေါ်နေခဲ့
ရေနဲ့ဝေးပန်းကြာ
နွမ်းတခါခြောက်တလှည့်နဲ့
ဘဝကိုအားငယ်
ငါ့ဘယ်ဘက်
ရင်နံဘေးမှာလည်း
နင်နဲ့ဝေးလို့
မအေးတဲ့သောကတွေ
တောင်လိုပုံလို့ပေါ့
ဝေဒနာတွေယူခင်း
အလွမ်းနဲ့ကျင်းတဲ့
ငါ့မနက်ခင်းလည်း
မင်းကြွေးတဲ့အနမ်းနဲ့
ပန်းတွေ
မပွင့်နိုင်တော့ဘူ့း။



        သူရဇ္ဇ
=================================
ချစ်လွန်းလို့


သေချာပါပြီ
သံယောစဉ်စကား
ရင်အဖျားမှာစွဲငြိ
အသည်းထိမှ
အတိကျသိခဲ့တဲ့
ချစ်ခြင်း၏အစ
မင်းကိုမှ
ငါဘာ့ကြောင့်
ချစ်မိရတာလဲ?
အလွမ်းဆွေးကိုကြောက်
တယောက်ထဲနေခါမှ
ဝေဒနာစတဲ့
သူ့အပြုအမူက
တခုခုယူသွားသလို
ငါ့ရင်မှာဟာတာတာ
သေချာတာမရိုး
ချစ်မိမှာစိုး
အသည်းကိုဂျက်ထိုး
မြတ်နိုးမိမှာကြောက်
ချစ်သလောက်မလွမ်းနိုင်
လှမ်းကိုင်မိသော
contactထက်
အသာယာဖျက်လို့
ချစ်လွန်းလို့သာ
blockခဲ့သည့်။



        သူရဇ္ဇ
=================================
ချစ်သူ
တစ်ဖူးမှာတစ်ပွင့်
တစ်ပွင့်မှာတလွှာ
တလွှာမှာတယောက်
နင်တစ်ယောက်ထဲကိုပဲ
ချစ်တာပါလူကသာ
ကမ္ဘာပက်နေပေမဲ့
နှလုံးသားကတော့
ကမ္ဘာမပက်ပါဘူးတစ်ယောက်
ဆိုတစ်ယောက်ထဲပါ
ငါဘယ်မြို့ဘယ်တိုင်းပြည်ပဲ
ရောက်ရောက်ငါ့ရဲစိတ်
ကတော့နင့်အနားမှာ
အမြဲရှိ့နေတာပါချစ်သူ
ငါဘယ်လမ်းကိုပဲရောက်ရောက်လမ်းဆုံးရင်တော့နင့်
ရင်ခွင်ကိုပဲရောက်မှာ
ပါချစ်သူရေ့
                         စိုးရိမ်လွမ့်း
=================================
* အညတရ *

အညတရရဲ့သံယောဇဉ်တွေ
အမှတ်တရအဖြစ်
နှောင်ကြိုးမျင်လေးသွယ်တန်း
ဆူးခင်းလမ်းမှာပေါ့
ဖိနပ်လဲမပါ ပိုးတုံးလုံးလိုပါ
ပူနေမှန်းလဲသိတယ်
ဥပေက္ခာပြု ခဲ့ရမှာလဲခက်တယ်
သြော်...အချစ်ရဲ့
မင်းကမယုံကြည်ခဲ့မှတော့
ငါ့ဘက်ကလဲ
တိုးတိတ်စွာ နှုတ်ဆိတ်ပေးရမှာပေါ့
ပျော်ရွှင်မှုတွေ ရပါစေ
အမုန်းတရားများ ဝေးပါစေ
မာန်မာနတွေ လဲကင်းပါစေနော်
လင်းလက်စမီးရောင်လေး
တစစနဲ့မငြိမ်းခင်
ဆုတောင်းပေးခဲ့မယ်အချစ်ရယ်
မဖြစ်နိုင်မှန်းသိ လဲ
ရင်ခွင်ထဲတချက်တချက်တော့
ငြိငြိနေခဲ့ ဒီအညတရရဲ့
စိတ်ဝိညာဉ် အဝေးဆုံးတိုင်
ပျောက်ကွယ်လို့
အသဲကွဲဧရိယာဆီပြေးဝင်ပေးပါ့မယ်
ချစ်ရသူသခင်
စိတ်ဘဝင်အေးစေတော့ကွယ်။
                     Phyur.../\/*L့
=================================
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ