Thursday 26 May 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၈၇

*ပိတောက်ဖူးနဲ့အတူ*

တမ်းတဖန်များလာတော့
အလွမ်းဆိုတာ
ဆိုက်ဆိုက်မြိုက်မြိုက်နဲ့
ဖိတ်ခေါ်စရာမလို
ရောက်ရတာပေါ့အကိုရယ်

ယခင်တချိန်
ပန်းပိတောက်တွေဝေစဉ်က
ရေကြည်ရာမြက်နုကိုမှ
ရှာဖွေရင်းထွက်သွားတဲ့
ခင်လေးရဲ့အကို

ပိတောက်ဖူးချိန်မှာ
ခင့်ထံပါးအရောက်လာ
တူနှစ်ကိုယ်မြိုင်ဂေဟာထက်
အလွမ်းရက်တွေအတိုးချ
ပျော်ကြမယ်ဆိုခဲ့

သို့ပေမဲ့
ပေါ်မလာမျှော်ရက်တွေကြာနေသူ
ချစ်ရတဲ့အကိုမို့
စိုးထိတ်တွေပိုမိတယ်
တိုးတိတ်ပင်သာ

မျှော်နေခဲ့ပါသည်
ရက်လတွေအလီလီ
စာမလာသတင်းမကြား
လွမ်းမိသူအား
ပိတောက်ဖူးချိန်တိုင်း
ထွက်ကြို နေတတ်ပါပြီ။
                 Phyur.../\/*L့
=================================
*မပြောင်းလဲသောနေ့စွဲများ*

ကောင်မလေးရယ်
သန်းခေါင်ယံညအလယ်
ထထယောင်တယ်
မင်းနာမည်လေးကွယ်
အော်ငြီးတယ်။

ကောင်မလေးရယ်
လမင်းပမာ
မင်းမျက်နှာကို
အပြုံးများဝေလျက်သာ
မြင်ခြင်တယ်။

ကောင်မလေးရယ်
ထွေးပွေ့ချင်တယ်
မောင့်ရင်ခွင်ဝယ်
အကြင်နာတေးလဲ
ဆိုပြမယ်။

ကောင်မလေးရယ်
သတိရတိုင်း
ဖုန်းတွေဆက်
အိပ်ပျက်မှာလဲ
စိုးရိမ်တယ်။

ကောင်မလေးရယ်
နှာတံသွယ်စင်း
မင်းမျက်ဝန်းမှာ
ငြို့ဓာတ်ကလေးများ
ပါသလားကွယ်။

ကောင်မလေးရယ်
အနားနားမရှိချိန်
တယောက်တည်းမို့
စိတ်မချ အခါခါ
ဖြစ်မိတယ်။

ကောင်မလေးရယ်
နွေ မိုး ဆောင်း
ဘယ်လောက်ပြောင်းပြောင်း
မင်းအချစ်တွေဘယ်တော့မှ
မဟောင်းနွမ်းရဘူးနော်။
                    Phyur.../\/*L့
=================================
* ဖြေသာပြုံး *

ကမ်းခြေမှာအရိုင်းဆန်ဆန်
အလှတရားနဲ့
ဘီကီနီဝတ်ထားတဲ့သူလေးမို့
စိတ်ရိုင်းတွေမှုန်နေမိတာ
တဏှာကြောင့်မဟုတ်ဘူးတဲ့။

ရုပ်ရည်ရူပကာအရ
အပြစ်အနာအဆာဖြေပြရင်း
အဖြူ ရောင်အလှတရားတွေကြား
အညိုရောင်အဆင်းသဏ္ဌာန်လေးမှ
ရွေးချယ်မိတာ
အဖြူ ရောင်မကြိုက်လို့မဟုတ်ဘူးတဲ့။

နှလုံးရည်ခြင်းပဲပြိုင်မလား
လက်ရုံရည်ခြင်းပဲဆိုင်မလား
ဒီပွဲမှာ
အနိုင်မယူလိုသူက
အရှုံးသမားမဟုတ်ခဲ့ဘူးဆို
ဒါပေမဲ့
အနိုင်လိုသူကလဲ
မုန်းထိုက်ခွင့်မရှိတဲ့သူတဲ့လေ။

ထား....
အားလုံးကိုချ ထား
စိတ်အယုတ်တွေနဲ့
မုန်းရက်သူကို
မုန်းရက်မှမုန်း
စိတ်ဒုန်းဒုန်းချ
အရှုံးပြလို့ချေ လိုက်မယ်
ကြည်ဖြူ ပါစေကလေးရယ်။
                      Phyur.../\/*L့
=================================
* မနက်ဖြန်ရဲ့အလင်းစက်ဟာသူ*

သစ်ရွက်တွေဖူးကာပွင့်သလို
မင်းအလှမှာရူးကာရင့်နေသူ
ကျေးငှက်တွေတေးသီသတဲ့
မင်းအလှမှာငေးရီလျက်ပဲ
ဆွေးရော
ဒီလိုနဲ့ညတွေနက်တာပေါ့
မင်းအပြုံးမှာနစ်ဝင်စီးမျော
ကောင်မလေးရေ
ညတွေလဲနက်လှပြီ။

တနေ့မှမေ့မရသူ
အချိန်တိုင်းမှာတမ်းတ
မင်းကသိပ်လှတော့လဲလေ
မိုနာလီဇာပင်
အရှုံးပေးလောက်တယ်
ချစ်သူရယ်
နေ့တိုင်းတော့တွေ့ခြင်မိ
မင်းမအားမှန်းလဲသိတယ်။

ဦးနှောက်ကအချိန်မှန်မှန်
သံပတ်ပေးတယ်
မင်းအသံလေးနဲ့နွေးထွေးခွင့်
ရဖို့လေ
ခြေလှမ်းတွေကလဲတက်ကြွ
မင်းရှိရာအရပ်မှလွဲရင်
ဘယ်မှမချ ခြင်
ဒီလိုနဲ့ပဲနေဝင်ခဲ့ပြန်ပြီနော်။

အရာရာတိုင်းအတွက်
အားလုံးထက်
မင်းရဲ့ရှေ့မှာရှိခြင်တယ်
မင်းလက်ကလေး
ဆုတ်ကိုင်ထား
နွေးထွေးမှုများပေးခြင်တယ်
မင်းကလေးစိတ်တွေညိုး
မုန်းသွားမှာလဲစိုးရိမ်တယ်
ကိုယ့်ဘဝရဲ့ကောင်းကင်လိုမင်း
မနက်ဖြန်အတွက်
အလင်းစက်တွေကိုချခင်းရင်း
ကိုယ့်ရင်ခုန်သံတွေကို
နာဆင်လှည့်ပါတော့ချစ်သူရယ်။
                     Phyur.../\/*L့
=================================
* ထက်ထံသို့ *

မိုးသားကောင်းကင်အောက်မှာ
ကိုယ်ဟာထက်နဲ့
မတွေ့ရသေးခင်အထိတော့
ဝေ့လည်ကြောင်ပတ်
လမ်းပျောက်နေသူတယောက်
ဘဝစာမျက်နှာကို
ပေါ့ပေါ့ပါးပါးလေးပဲဖြတ်လျှောက်
လောကဓံရဲ့
ရိုက်ခပ်မှုတွေကိုမေ့ပျောက်ရင်းပေါ့
ညင်းသွဲ့သွဲ့လေပြေညင်း
ထက်ရဲ့အလှသတင်းတွေကို
ကိုယ့်ထံပါးဆောင်ယူလာတဲ့တနေ့
မှန်တယ်ထင်နေတဲ့
ဒီလူသားရဲ့စာမျက်နှာတိုင်းဟာ
ကုတ်ခြစ်ရာတွေနဲ့စုပ်ပဲ့ကာနေခဲ့
ထက်ဆိုတဲ့ဧကရီရယ်
မင်းဟာကိုယ့်နှလုံးသားကို
ဖမ်းစားနိုင်လွန်းတယ်အချစ်ရယ်
စာတွေရေးနေပေမဲ့
ကဗျာဆရာတယောက်တော့
မဟုတ်ပါဘူးအပြု သဘောအနေနဲ့
တားစီးမရတော့တဲ့
အသဲထက်ဝေဒနာလှိုင်းက
ထက်ရဲ့အလှတရားကိုဖွဲ့ဆိုနေမိ
ဟန်ဆောင်မှုမရှိတဲ့
အနုအရွချစ်ခြင်းတခု အတွက်
ကောင်းကင်နဲ့မြေပြင်ကို
သက်သေပြု လို့
သက်သေပြခြင်တယ်ထက်ရယ်။
                     Phyur.../\/*L့
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ