Thursday 26 May 2016

ငါက

ငါက
ရင်​ကိုဖွင့်​လို့
"ပြချစ်​"ခဲ့​ပေမယ့်​ နင်
"ပြစ်​ချ" ခဲ့။    ။
ငါက
ညင်​သာဖွဖွ 
"ဆုံးမ" ခဲ့​ပေမယ့်​ နင်
"စမုန်း" ခဲ့။   ။
ငါက
ခွင့်​လွတ်​အ​တွေးနဲ့
"ပြုံး​ပေး"ခဲ့​ပေမယ့်​ နင်
"​ပြေးပုန်း" ခဲ့။  ။
ကောင်​မ​လေး​ရေ....
'​ဝေးပါ'
ငါထားရာ နင်​ မ​နေ
နင်​ ​စေရာ ငါ မသွားနိုင်​မှ​တော့
မိုင်​​တွေ မ​ရေမတွက်​ ဘဲ '​ဝေးပါ'
ငါက မင်း အပြုံး​လေး က​အစ
"မှတ်​သား" ခဲ့​ပေမယ့်​ နင်
"မှားသတ်​" ခဲ့ ငါ။    ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ