Sunday 1 May 2016

ရင်ထဲက ငယ်သို့

ငယ်ရေ
 ရက်လနှစ်တွေ ကြာညောင်းခဲ့လဲ
မဟောင်းနိုင်တဲ့ ငါ့မေတ္တာ
မပြောင်းလဲတဲ့ ငါ့သစ္စာကို
ပထဝီမြေထု သက်သေပြုလို့
ယနေ့ထိတိုင် မမေ့နိုင်ခဲ့ဘူး
မဆုံစည်းနိုင်တော့ပေမဲ့
ခုန်ခဲ့ဖူးတဲ့ ရင်မှာ
သံယောဇဉ် သစ်ပင်လေးက
အမြဲထာဝရ ရှင်သန်နေဆဲပါ...
မဖြေသာတဲ့ ဝေဒနာကို
မမြင်ကွယ်ရာ အဝေးမှာ
ဖြေဆေးရယ် ရှာမတွေ့ပဲ
တနေ့နေ့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
မင်းပြန်လာကို မျှော်နေမိတယ်..
ငယ်ရေ
 အမုန်းတွေနဲ့လမ်းခွဲ
လွမ်းရဲလို့ လွမ်းနေတာ
မဟုတ်ပါဘူး ငယ်ရယ်
ငယ်တို့ချစ်ခရီးလမ်းလေး
ပျော်ရွှင်ချမ်းမြေ့အောင် လို့
ငါ့နှလုံးသားကို တံတားခင်း
နင်းခြေသွားပါတော့ ငယ်ရယ်.,
                       တစ်ကောင်ဘွား(ဓာတ်တော်)
09442095465

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ