Thursday 12 May 2016

ရင်ဝယ်တသိမ့်သိမ့် (အပိုင်း-၈)

ဒီနောက်ပိုင်းမှာလည်း ဒေါ်ငွေတင်တစ်ယောက် ယုဇနကို အိမ်အလုပ်

တွေ၊ ခြံအလုပ်တွေအကုန်ခိုင်းမြဲ။ ဒီကြားထဲ ငါးဟင်းလေးမှ မစားရရင် 

ခံတွင်းမလိုက်ဘူးဆိုပြီး ချောင်းရိုးတစ်လျှောက်ငါးရှာထွက်ခိုင်းစမြဲ… 

တစ်ခါ တစ်လေ မတင်လှတို့ပါရင်တော့ ယုဇနကို သက်သက်သာသာ

နားနေခိုင်းပေမယ့် မတင်လှတို့မပါဘဲ ယုဇန တစ်ယောက်တည်း

ငါးရှာထွက်ရတဲ့အချိန်ဆို သိပ်ကိုပင်ပန်းရတာပေါ့။ ဒီကြားထဲ 

ငါးမလိုက်ရင် ပိုလို့တောင် ပင်ပန်းသေးတယ်လေ။ 

အဲ့ဒီလိုနဲ့တစ်နေ့မှာတော့ ယုဇနတစ်ယောက် မနက်အစောကြီးထ 

ချက်ပြုတ်၊ အိမ်သန့်ရှင်းရေးလုပ် အပြီးမှာ ..


“ဟဲ့ ညည်း အိမ်အလုပ်တွေပြီးပြီလား။။”

ယောက္ခဖြစ်သူရဲ့ အမေးကို “ဟုတ်ကဲ့ အမေ” လို့ အလျင်အမြန်

ပြန်ဖြေရင်း ယုဇနလည်း လက်ထဲမှာ ကိုင်ထားတဲ့ ဆေးပြီးသား

နောက်ဆုံးလက်ကျန်ပန်းကန်လေးကို ရေစစ်စင်ပေါ်တင်လိုက်ရာမှာ ..


“ခွမ်း”

ပန်းကန်ကျကွဲသံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။


“ဘယ်လိုဖြစ်တာလဲ ညည်း အလုပ်ကိုသေချာမလုပ်ဘူး .. လက်က 

သေချာမြဲအောင်ကိုင်မှပေါ့ .. ကိုယ့်ပစ္စည်းမဟုတ်ဆိုပြီး အဲ့ဒီလိုလုပ်တာလား”


“မဟုတ်ပါဘူး အမေရယ် .. ယုဇန စကားပြောရင်းဆိုတော့ 

လက်ချော်သွားတာပါ” 


“အော် ဒါဆိုရင် စကားလာပြောမိတဲ့ ငါကအပြစ်ပေါ့ဟုတ်လား .. 

ညည်းလုပ်လိုက်ရင် နမော်နမဲ့နဲ့ … တကယ် တည်း ပြောရင်လည်း 

ငွေတင်တို့က ချွေးမကို နှိပ်စက်တယ်ဖြစ်မယ် ။ ကဲ .. ဘာမှပြော

မနေနဲ့ အိမ်မှာ ငါးမရှိ တော့ဘူးမလား .. သွား …. ငါးသွားရှာ..”


“ဒီနေ့ မတင်လှတို့ မြို့တက်သွားတယ်အမေ. .. အဖော်ဘယ်သူ

မှမရှိကြဘူး ..”


“အဖော်မပါလည်းညည်း တစ်ယောက်တည်းသွားပေါ့အေ .. အရင်ရက်

တွေကလည်း ဒီလိုပဲ သွားနေတာပဲ .. ခုကျမှကြီးကြီးကျယ်ကျယ်တွေ

လုပ်လို့ …”


“ဟို .. ဒီနေ့”


“ဟိုတွေ ဟင်တွေလုပ်မနေနဲ့ ငါကပြောရင် လုပ်မှကြိုက်တယ်… 

ငါပြောတာကိုပဲလုပ် .. ဘာမှအထွန့်မတက်နဲ့”


ဆက်ပါဦးမည် ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ