Wednesday 18 May 2016

အိပ်မက်သစ်


ဖုံးကွယ်သိုဝှက်ထားခဲ့ပေမယ့်

မင်းရှေ့ရာက်ကာမှ ထွက်ပေါ်လာခဲ့တဲ့ 

ခံစားချက်တစ်ချို့ ရယ်

မုန်တိုင်းထန်ခဲ့ပေမယ့်

အခုချိန်မှာ ပြာလွင်လတ်ဆတ်နေတဲ့

နေ့ ရက်တွေရယ်

အထီးကျန်ခဲ့ပေမယ့်

ကျေနပ်စရာကောင်းလာတဲ့

အချိန်တစ်ချို့ ရယ်

မင်းးကြောင့်

တစ်ယောက်ထဲလို့ ထင်ခဲ့တဲ့ဘဝကြီးဟာ

အမှိုက်က ရတနာဖြစ်လာတယ်။

အေးလွန်းတယ်ထင်ခဲ့တဲ့ ညနက်တွေမှာ

မင်းအကြောင်းတွေးမိရုံနဲ့တင်

ရင်ခုန်သံတွေမြန်လာတယ်

စိုးရွံ့ ခဲ့တာတွေလည်း

မုန်တိုင်းထန်ခဲ့တဲ့ ပုံပြင်နေ့ ရက်တွေထဲမှာကျန်ရစ်လို့ 

ကြေမွပျက်စီးခဲ့တဲ့နှလုံးသားအစုံဟာလည်း

အကောင်းပကတိ

ပြန်လည်မွေးဖွားလာတယ်

တစ်ခုတည်းရဗိတဲ့ မှီတွယ်ရာ

အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့တဲ့အခါ

မစသေးခင်ကတည်းက ပြီးဆုံးခဲ့ရတဲ့ဘဝကြီး

ထပ်ပြီး သေဆုံးရမှာကြောက်နေတယ်

အို

အချစ်ရယ်

အိပ်မက်သစ်တစ်ခုကို

မင်းက မက်စေတယ် ...



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ