Thursday 12 May 2016

ရင်ဝယ်တသိမ့်သိမ့်(အပိုင်း-၉)

ဒေါ်ငွေတင်ရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ ယုဇန တစ်ယောက်တည်းငါးရှာ

ထွက်ခဲ့ရပါတော့တယ်။ တကယ်တော့ ယုဇန တစ်ယောက် ဒီနေ့

စိတ်ထဲမှာ တစ်မျိုးကြီးနဲ့ ထင့်နေခဲ့တာ။ အဲ့ဒါကြောင့်လည်း 

တစ် ယောက်တည်းငါးရှာဖို့မသွားချင်ခဲ့တာပါ။ ဒါပေမယ့်လည်း 

ယောက္ခမဖြစ်သူရဲ့ စေခိုင်းချက်ကိုမလွန်ဆန်နိုင် တာကြောင့် တစ်ဦး

တည်းသာ ထွက်ခဲ့ရပါတယ်။ ယုဇနတစ်ယောက် အပေါ်က နေပူပူ၊ 

အောက်ကကိုယ်တစ် ပိုင်းက ရေစိုစိုနဲ့ ချောင်းရိုးတစ်ယောက် ဆင်းသွား

ပြီး ငါးများများရမယ်ထင်တဲ့ ရိုးစပ်သွား ငါးရှာလာပြီး အိမ်ပြန် ရောက်

တော့လည်း အဲ့ဒီရေစိုစိုအတိုင်း ခြံထဲဆင်း ရေဆက်လောင်းနဲ့ 

တစ်နေ့ကုန်ခဲ့ရပါတယ်။ 

ညဘက်ရောက်တဲ့အခါမှာတော့ ယုဇနတစ်ယောက် တအင်းအင်းနဲ့ 

ညည်းညူနေတာကြောင့် ဒေါ်ငွေတင် ယုဇနအိပ်ယာဘေးရောက်လာပြီး ..


“ဟဲ့ ဘယ်လိုဖြစ်လို့ ညည်းညူနေတာလဲ .. ငါကောင်းကောင်းအိပ်လို့ကို 

မရဘူး။။”


“အမေ ယုဇန နေလို့မကောင်းလို့ပါ ..”

ယုဇန အပြောကြောင့် ဒေါ်ငွေတင်တစ်ယောက် ယုဇန နဖူးကို 

စမ်းလိုက်တဲ့အခါ လန့်သွားပြီး လက်ကို အမြန်ပြန်ရုတ်လိုက်ရပါတယ်။ 

အဲ့ဒါနဲ့ပဲ မဖြစ်သေးပါဘူးလေတွေးလို့ ရေပတ်ဝတ်ယူပြီး ကိုယ်ပူ

ကျအောင် နဖူး ပေါ်တင်ပေးနေလိုက်ပါတယ်။ 


“ခုတော့ ဒီလောက်ပဲငါလည်းတတ်နိုင်တယ်။ မနက်ကျတော့ 

ဆေးမှူးဆီသွားတာပေါ့”

အဲ့ဒီလိုနဲ့ မနက်ရောက်တဲ့အခါ ဆေးမှူးအိမ်ကို သမီးယောက္ခမနှစ်ယောက် 

ထွက်လာလိုက်တဲ့အခါ ဆေးမှူးက မြို့ကိုခဏပြန်သွားတယ်ဆိုတဲ့ 

စကားကြောင့် နေမကောင်းဖြစ်လျက်နဲ့ ယုဇနတစ်ယောက် စိတ် 

ဓာတ်ကျသွားခဲ့ပါတယ်။ ဒီအချိန် မောင် သာ ရှိရင်ကောင်းမယ်နော်။ 

မောင်ရယ် မမ အဖြစ်ကို လာကြည့်လှည့်ပါ ဦးလားကွယ်။ 


ဆက်ပါဦးမည် ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ