Monday 16 May 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၈၅

* တန်ကြေး *

ဟိုးမိုးကောင်းကင်ကြီးထက်က
လွတ်လပ်ပေါ့ပါးစွာ
ပျံသန်းနေကြတဲ့ငှက်တွေလိုမျိုး
အတောင်ပံတစုံသာ
ရရှိခဲ့မယ်ဆိုရင် ငါလိုချင်မိတယ်
မင်းအနားမှာ
အရိပ်လေးလို လိုက်ချင်လို့
သစ်ရွက်ခြောက်တွေကြွေတိုင်း
ဝမ်းနည်းရတဲ့ သစ်ပင်အို
မင်းစိတ်တွေ အားငယ်နေတိုင်း
ကြေကွဲရတဲ့ ငါ့ရင်ကို ကြည့်
မိန်းကလေး မငိုပါနဲ့
တယောက်တည်း အဝေးမှာ
တချိန်ငါလာရင် ကြိုပါနင်အမြဲ
မသွေခွာနဲ့စိတ်တွေ အရင်လို
ဆုံနိုင်ခွင့် အပြင်မှာရှိရင်
နေချင် မိတယ် အနီးမှာ
အလင်းမဲ့နေချိန် ညနက်သခင်
ပိုးစုန်းကြူးငယ်သာဖြစ်ခွင့်ရခဲ့ရင်
တောက်ပစွာ လင်းလက်ချင်တာ
မင်းရဲ့နံဘေးမှာဆိုတာ
နင်သိခဲ့ရင်
ငါလွမ်းရကျိုးတန်ပါတယ် ချစ်သူ
                       Phyur.../\/*L့

=================================
* ဘေဘီလေးအတွက် *

ဟေးဘေဘီ
့ပုံမှန်သောက်နေကျ ခါးသက်သက်
ကော်ဖီတခွက်
အလွမ်းတွေနဲ့ဆုံတွေ့တဲ့အခါ
အဆိပ်စစ်စစ်ဖြစ်သွားတယ်
အရင်လို မခါးသက်တော့ဘူး
ဘဝဟာ ဟာတာတာနဲ့
မင်းအသံလေးပဲ ငါ လွမ်းနေခဲ့
မင်းရော ဒီညနက်တွေမှာ
ဘာတွေလုပ်နေမလဲ
နှစ်ခြိုက်စွာ အိပ်စက်နိုင်မှာလား
ကြယ်တွေကိုပဲ ရေတွက်နေမလား
နားကြပ်လေးကိုတပ်
အလွမ်းသီချင်းတွေဖတ်တဲ့အခါ
မင်းပုံရိပ်လေးတွေ
ဖြတ်သန်းသွားလာနေတဲ့
နှလုံးသားမျက်ဝန်းမှာ
အတူတူနေနိုင်မဲ့နေ့ရက်တွေတွက်
အလုပ်တွေသာ
ငါကြိုးစားနေခဲ့ပြီ ဘေဘီရေ
မအိပ်စက်နိုင်တော့ပါ
ငါ့မျက်ဝန်းတွေ
ညည့်နက်နေရတော့မှာ
သေချာနေပါတယ်
အသဲတံခါးဝမှာ
ရေထိုးထားတဲ့မင်းနာမည်လေး
ငါ့အတွက်တော့
အိပ်ဆေးတခွက် တော့ဖြစ်
အတူတူဆုံခြင်တယ်
ဘေဘီရေ
အိပ်မက်စက်ဝန်းထဲမှာပေါ့ကွယ်။
                        Phyur.../\/*L့
=================================
* နှလုံးသားချစ်ပဲ့ထိန်း *

ဟိုးအဝေးမှာ မီးရိပ်ကလေး
ဆီမီးခွက်အနီးမှာ
ရေးလက်စစာရွက်ကလေး
အလွမ်းတချို့လဲတွေ့နေရတယ်
ကျိုးတိုးကျဲတဲ
အချစ်ဆိုတဲ့စကားလုံးတွေ
မင်းနာမည်လေးနဲ့အတူ
ပြန့်ကြဲနေဆဲ
ဖယောင်းတိုင်မီးကလေးငြိမ်း
အလွမ်းတွေမမှိတ်သေးဘူး
နှလုံးသားတစုံနဲ့တောက်ပနေတုန်း
ကြယ်တာရာတောင်ငိုကြွေးတယ်
မင်းအလှကိုလိုက်မမှီလို့
အချစ်ရဲ့ ကျိန်ပြောဝံ့တယ်
မင်းဟာငါ့ဘဝရဲ့ နတ်သမီးပါပဲ။
                     Phyur.../\/*L့
=================================
ချင်းတွင်းကဗေဒါ


ကွေ့ကောက်စီးဆင်း
မြစ်ချင်းတွင်းရဲ့
ရေပြင်မှာပျော်
ဗေဒါဟုခေါ်
အပယ်ခံပန်း
ရေဆန်ကိုမရုန်း
ပြုံးပြုံးလေးနဲ့
ရေစုန်ကိုမျော
မြင့်သောလှိုင်းထက်
အပိုင်းပိုင်းပြတ်လို့
ဒိုက်ဖတ်နဲ့ရော
ဗေဒါရဲ့အသည်း
ရေဇလာနဲ့မခွဲချင်ခဲ့
ကမ်းရဲ့အဝေး
လှိုင်းနဲ့ပုတ်လို့ခွဲထုတ်
ဘဲအုပ်နဲ့တွေ့
အယက်အကန်ခံ
ဗေဒါအပြန်
အံကိုခဲကံကိုပဲ
ယိုးမယ်ဖွဲ့
အဆိုးကြွယ်တဲ့
ဗေဒါရဲ့လမ်း
အနမ်းလိုချင်သလောက်
ရေမှာပေါက်တဲ့
ပန်းတပွင့်ပေမို့
အနမ်းဆင့်သူကို
မမျှော်အပင်ပေါ်က
တော်ဝင်ပန်းတွေနဲလဲ
မယှဉ်သာ
ရင်နာစရာ
လှိုင်းကြမ်းဂယက်တွေကြား
ဗေဒါမှာသနားစရာ
ကျရာနေစေရာသွား
ရေဇလာအနားမှာ
ဝေဒနာတရားကိုမှတ်
ဖြတ်ရပေါ့တရံတခါ
သလ္လာရေမခန်းစ၍
ရေလမ်းကွေ့တွေ
ဘယ်လောက်များများ
မရပ်မနားစီးမျော
ကြီးသောလှိုင်းတွေ
ပုတ်ခတ်လို့
စုတ်ပြတ်ခဲ့လည်း
အမှိုက်စတစ်စု
ဒိုက်ဖတ်တခုနဲ့
ဆက်လက်လို့စုန်ဆင်း
ဧရာရေအတွင်း
ချင်းတွင်းရဲ့ဂုဏ်သတင်း
ဆောင်ကျဉ်းပေးတဲ့
ပန်းဗေဒါ
အနမ်းတွေမရှာ
ချင်းတွင်းရေဇလာ
အိမ်ပြန်ခရီး
သာပါစေဗေဒါ့။



         သူရဇ္ဇ
=================================
* စတေးမယ် *

နွေကိုပင်ခေါ်ရေလိုပင်မပျော်နိုင်ပဲ
ပူလောင်ခဲ့ မျက်ဝန်းရဲ့
ခပ်စောင်းစောင်းအကြည့်တချက်မှာ
ဥသြတွေမဖြေသာခဲ့ပါဘူး
အချစ်ရူးလေးမို့
ရှင်လို့ပင် သေနေရက် သူ
အထပ်ထပ်ခပ်ထားပစ်မဲ့
ဖုန်း patternလေးတခုလိုပဲ
အမှောင်ကမ္ဘာထဲ ရင်ခွင်မဲ့နေသူ
မီးတစလို အလင်းရဖို့
နွေအိပ်မက်မှာမျှော်လင့်ချက်မဲ့နေရ
ပူလောင်ခြင်းက ငါ့အတွက်
အချစ်တခုဖြစ်စေသလား
နင်မရှိတဲ့အမှောင်ကမ္ဘာမှာတော့
ညနက်ဟာသိပ်လှလို့မဟုတ်
မင်းအတွက်ငါ စိတ်မချလို့ပါနော်
ဒီရင်ခွင်အပြင်ဘက်မှာ
အလွမ်းတွေဖြေသာပါတယ်
နင်မမြင်စေရက်ပါ ဒီအပူတွေတွက်
နာကျင်ခြင်းကိုခံယူလျက်ပါငါ
နင်ပျော်ရွှင်ဖို့ဆိုရင် အသက်ကိုပင်
ငါချန်မထားပါ စတေးစေ မယ် ။
                     Phyur.../\/*L့
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ