Sunday 22 May 2016

မာယာ


သူရှာတာက

သူရဲ့ "နှင်းဆီပွင့်" တဲ့

(ဟုတ်မဟုတ်တော့ မသိဘူး)

တိတ်တိတ်ကလေးရွေ့လျားလာရင်း

နောက်ဆုံးမှာ သူဟာ. . .

မှော်ရုံကို ရင်ဖွင့်ကြည့်လိုက်တယ်

(ဘာကိုမြင်သလဲဆိုတာ မပြောဘူး)

အဲဒီလိုနဲ့

သိန်းခိုမြို့ကြီးလည်း

မီးပုံထဲကို တစ်ရှူးထိုးခုန်ချ

(မျက်မြင်သက်သေမရှိဘူး ဒါပေမယ့်... သေချာတယ်)

သူကတော့

သူ့အမြင်အတိုင်း ပြန်ပြောပြတယ်

"စကြာဝဠာက

နှင်းဆီပွင့်ကလေးကို မျိုချလိုက်တာ" တဲ့

နားထောင်ကြည့်လေ (အဲဒီနောက် သူထွက်ခွာသွားလေရဲ့

အခုတောင် မြင်းခွာသံတွေကို ကြားရသေးတယ်) ....

တာရာမင်းဝေ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ