Monday 30 November 2015

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၄၆

ချစ်နေဆဲပါ
~~~~~~
မင်းငါ့ကို ဘယ်လောက်မုန်းမုန်း
ငါမင်းကိုဘယ်ခါမှမမုန်းခဲ့ ဘူး
နောက်တစ်ယောက်ထားတာသိလဲ
ငါခွင့်လွှတ်ပေးခဲ့ တယ်နော်
မင်းမသိခဲ့ ဘူးချစ်သူ
လမိုက်ညရယ့် သစ်ပင်ရိပ်အောက်မှာ
မျက်ရည်စတွေနဲ့ ငိုကြွေးနေမိတယ်
မင်းမသိခဲ့ ပါဘူး
အမှန်းတရားကိုလက်ခံနိင်ဖို့ 
မျက်ရည်တွေကိုသုတ်လိုက်ပေမယ့်
ငါ့ဘယ်ဘက်ကမ္ဘာတစ်ခြမ်းမှာ
ဝေဒနာမီးတွေတောက်လောင်နေတယ်
သေလောက်အောင်ခံစားနေရလဲ
မင်းပျော်နေမှာပါလို့ တွေးရင်း
ဖြေသိမ့်လိုက်မိတယ်ချစ်သူ
မနက်ဖြန်မှာမင်းနဲ့ ငါက
သူစိမ်းတွေဖြစ်သွားတော့မှာသိပြန်တော့
ငါ့နှလုံးသားလေးကမ္ဘာပျက်နေပြီ
ဆောက်တည်မရဖြစ်နေတယ့်
ငါ့စိတ်တွေကမင်းလေးဆီကို
ရောက်နေမိတယ်
တစ်ပါးသူရင်ခွင်မှာပျော်နေတာသိပေမယ့်
ငါ့ဆီကိုတစ်နေ့ မင်းပြန်လာပါစေလို့ 
မိုးနဲ့ မြေသက်သေထားလို့ 
ဆုတောင်းမိပြန်တယ်ချစ်သူ
ဘာတွေပဲဖြစ်ဖြစ်ပါချစ်သူ
ငါအရမ်းချစ်တယ့်မင်းလေးကို
ငါ့အသက်ငါ့ခန္ဓာတည်မြဲနေသ၍
ဆက်ချစ်နေပါ့မယ်~~~~

            
        သွေးငယ်(ဖြိုးဇင်ကို)
***********************************
နင့်အနားမှာနေဖို့ငါ့မှာ
အခွင့်ရေးမရှိတော့သလို
ငါ့ရင် ခွင် ကိုပြန်လာပါ
လို့လည်းငါမ ခေါ်ရက်
တော့ပါဘူး 
နင် ပျော်တဲ့အချိန်
နင်ပျော်တဲ့အရက်
နင်ပျော်တဲ့ရင် ခွင် ရဲ့အ
ဝေးမှာနင့်တွက်ဖြူ စင်
သန့်ရှင်း တဲ့ ချစ်ခြင်း
မေတ္တာတွေကိုဖွေ့ဖက်
ရင်းငါတစ်ယောက်ထဲ
လွမ်းနေဆဲပါ
       မိသား
***********************************
      နင့် 

 ကြွေနေပါစေ
နှင်းထက်လေးတဲ့
ပန်းပွင့်တွေ
မွှေးနေပါစေ
ပန်းထက်မွှေးတဲ့
အနမ်းတွေ
ဝေနေပါစေ
မိုးထက်အေးတဲ့
မေတ္တာတွေနဲ့
ချစ်တာကိုဖွင့်ပြော
နင်ပြောသလို
ငါနွမ်းရင်
လွမ်းသလိုရှိမှာတော့
အသေချာ
မဖြေသာလည်း
နေပါစေ
ငါပျော်သလို
နင်နေတက်ရင်
နင့် နေလျက်နဲ့
ငါ ကျေနပ်နေပါ့မယ်

      သူရဇ္ဇ
***********************************
* အပယ်ခံနှလုံးသား *

ထွက်သွားလိုက်ပါ 
ကျေနပ်ရင်
လှမ်းမတားတော့ပါဘူး
မပျော်ရွှင်တော့တဲ့
သူတယောက်ကို
ထွက်ခွာခွင့်ပေးရမှာက
ငါ့သမိုင်းထဲက
မပါမနေရအလွမ်းစာမျက်နှာ
တခုပဲလေ
တချိန်ချိန် မှာတော့
ပုံပြင်ဟောင်းလေးအဖြစ်
ငါ့နှလုံးသားမှာကျန်ခဲ့မှာပါ
နင်မသိတော့တဲ့ငါ
လွမ်းတဲ့အချိန်တိုင်း
မျက်ရည်လေးတွေ
တသွင်သွင်စီးကျနေတဲ့အချိန်
ရင်ခွင်တဖက်ခြမ်းက
သည်းကမ်းပါးယံလွှာ
တစတစပွန်းပဲ့
နာကျင်စွာခိုညည်းနေချိန်
အဝေးဆုံးမှာမင်း
ပျော်နေမှာလား
ငါ့တညတာဟာအလွမ်းများနဲ့
နေဝင်ခဲ့ပြန်ပီ
ဆည်းဆာဟာမလှပခဲ့ပါဘူး
ကြေကွဲခြင်းမျက်ဝန်းတွေနဲ့
အလွမ်းခရီးသည်တယောက်ကို
ဥပေက္ခာပြုနေတယ်
မပြန်ခင်မှာတော့
ကောင်းကင်ဟာဆေးစက်တွေနဲ့
တကယ်ဆိုရင်ဒါဟာ
မျက်ရည်တွေဆိုတာ
သူသိမှာမဟုတ်ပါဘူး
အိပ်တန်းတက်
ငှက်ကလေးတွေမှာတောင်
ကမ်းလင့်မဲ့
အသိုက်မြုံ ရှိသေးတယ်
တခါကပျော်ရွှင်ခဲ့ဖူးတဲ့
အေးရိပ်မွန်ဟာ
ခုတော့သခင်မဲ့နေခဲ့ပီလေ
အထီးကျန်ခြင်းတွေကို
တစွန်းတစမြင်နေရတယ်
နင်သာရှိနေသေးရင်ဆိုတဲ့စိတ်
ကြပ်ခိုးတွေထပ်နေတဲ့
အခန်းငယ်လေးထဲရောက်တိုင်း
တဒင်္ဂအသက်မဲ့ခဲ့ရတာ
အမှတ်တရ
ဓာတ်ပုံဟောင်းလေးထက်က
ဖျောက်ဖျက်မရတော့တဲ့
မျက်ရည်တွေကသက်သေ
တယောက်တည်းပြောနေခဲ့ရတဲ့
စကားသံတွေကအလွမ်းပြေ
ချစ်သူရယ်

တိမ်ကလေး
***********************************
* အပယ်ခံနှလုံးသား *

နင်မရှိတော့တဲ့
ငါ့သန်းခေါင်ယံဟာ
ကြယ်တံခွန်တွေကြားမှာ
မှေးမှိန်နေတယ်
မာနနဲ့ဒီလူသားအလွမ်းတွေကြားမှာ
ကျရှုံးခဲ့ရပြန်ပီလေ
အရမ်းလွမ်းတဲ့ညတွေမှာ
အပယ်ခံတယောက်ရဲ့
တပင်တိုင်နှလုံးသားလေး
အရမ်းကိုပူလောင်နေတယ်ဆိုတာ
နင့်ကိုသိစေချင်လိုက်တာ
ချစ်သူရယ်…/\/*L့
             Phyur…/\/*L့
***********************************
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ