Wednesday 25 November 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၄၄

သူမချစ်မှန်းသိရက်နဲ့
ငါမမုန်းနိုင်ဘူး
သူမတရားမှန်းသိပေမဲ့
ငါအပြစ်မတင်ရက်ပြန်ဘူး
တကယ်တော့ငါဟာ
အဖြည့်ခံသက်သက်ပေါ့ လူတယောက်မှာ
နှလုံးသားဆိုတာတစ်ခုပဲရှိတယ်
အချစ်ဆိုတာလဲ
တစ်ယောက်ထဲအတွက်ပါပဲ
နင်ယုံနော်
ငါချစ်တာတဒင်္ဂလေးမဟုတ်ဘူး
   နှလုံးသား ရင်ခုန်သံ
စည်းချက် မြန်ချိန်လေးဝယ်
ချစ်သံစဉ်လေး ထွက်လာနိုင်ဖို့
ချစ်ကြိုးလေးများ လှုပ်ခတ်ပေးပါ
                ချစ်သူ--------

ရေးသူ-မိသား
**********************************

        ချစ် ရသူ

မင်းကိုချစ်တဲ့

ငါ့အချစ်က

ရင် ခုန်သံတွေနဲ့

ရင်းပြီးချစ်ခဲ့တာ

လှောင်ပြုံးတွေနဲ့

မင်းရယ်နေပါ

ငါ့သိက္ခာကို

စော်ကားနေသလို

ဖြစ်ပေမဲ့ ခွင့်လွှတ်တယ်

ဒါပေမဲ့

ငါ့နှလုံးသားက

အရမ်းနာတယ်

ချစ်သူမဟုတ်တဲ့

ငါ့အဖြစ်က

လွမ်းရတာတော့

အခက်သား

ဘာဖြစ်ဖြစ်

ခံစားချက်တိုင်းကို

ငါကျေနပ်ပါတယ်
   
     ချစ် ရသူ••••••••••

ရေးသူ- နေမင်းအာကာ
***********************************
    ဒိုင်ယာရီ

ရိုးတံကိုဖြတ်
သစ်ရွက်တွေ
မြေမှာသက်လျော
နွေပြောလို့ကြွေ
ရော်ရွက်တွေ
လေအခတ်မှာ
အကြွေသက်သက်ပါ
ဝေဟင်မှာ
ဝဲနေခဏ
အသည်းကြွေကျသလို
တနင့်နင့်ကွဲကျေ
ဝဲနေတဲ့သစ်ရွက်ကို
အချစ်မှတ်လို့
ထွေးပွေ့နေတုန်း
လည်ပြန်ကြည့်
အတိတ်မရှိ
ဆိတ်ကြည့်တော့လည်းမနာအိမ်မက်အလာဒိုင်ယာရီ မို့
အသည်းနုသူ
မပြိုင်သာခဲ့ပြီ

    ရေးသူ- သူရဇ္ဇ
***********************************
  အသည်းကွဲသည်

လက်မမြဲခင်
လက်တွဲဖြုတ်
အသည်းကိုထုတ်လို့
တစစ်စစ်နာ
အချစ်စစ်မှာ
မျက်ရည်ကျရင်
အလွမ်းလို့ မှတ်
ရွန်းလဲ့အကြည့်
မထိတထိနဲ့
ရင်ဝယ်ဖြတ်ပြေး
ရှက်သွေးလေးဖြာ
မကြည်သလို
ရှက်ရမ်းရင်
အနမ်းလို့ မှတ်
ခွဲရချိန်အနမ်းကိုလွမ်း
တမ်းတချိန်
အလွမ်းနဲ့မှန်း
လွမ်းရချိန်မှာ
စွဲမြဲတည်နေတဲ့
ထို ဝေဒနာကို
အသည်းကွဲသည် ဟု
ခေါ် ပါ သည့့်။

    ရေးသူ- သူရဇ္ဇ
**********************************
  အချစ် =အချစ်

ရင်နာစရာကိုလွမ်း
အတိတ်ကိုတမ်းတချိန်မှာပါးပြင်ထက်
ပူနွေးစွာစီးကျ
သြော့့်
မျက်ရည်စတွေပါလား
ပဝါမကူမိ
ရှိုက်သံမကူမိ
အတားဆီးမဲ့စွာ
စီးဆင်းစေတော့
ရှိုက်သံတိုးရင်
လေပြေနိုးမှာစိုး
တိတ်တခိုးနဲ့
တိုးတိုးလေးရှိုက်မိ
အသိုက်မရှိတဲ့
ငှက်တကောင်ဘဝမို့
မျက်တောင်ချ
အိမ်စက်ဖို့နေရာမရှိ
ဝေဒနာထိမှ
တဆတ်ဆတ်နာ
အထပ်ထပ်ငါ
ငိုကြွေးဖို့အတွက်
မျက်ရည်တွေက
မကုန်သေးဘူးလို့
လက်တို့ပြောနေသလို
တနေ့တာပျော်ဖို့
တသက်စာငိုရရင်
ကိုယ်ရချင်တာ
မင်းအချစ် ငါ့အချစ်
ညီမျှခြင်းဖြစ်တဲ့နေ့
ငိုခဲ့သမျှအတွက်
ပျော်ပါရ စေ့။

  ရေးသူ- သူရဇ္ဇ
***********************************

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ