နှလုံးသားနဲ့ရေးတဲ့ ဒဏ္ဍာရီ
နှစ်တွေကြာညောင်းလို့ အရာအားလုံးပြောင်းလဲသွားခဲ့တယ်ဆိုပေမဲ့ငါ့ရဲ့တစ်ဖတ်သတ်နဲ့ တိတ်တခိုးရင်ခုန်သံတွေက မပြောင်းလဲပါဘူး မှတ်မိပါရဲ့လား ငယ်ငယ်တုန်းကအတိတ်တစ်ခုမှာလေ စာသင်ကျောင်းရဲ့စုံညီပွဲတော်မှာ နင်က မနှင်းဆီနာမည်နဲ့ မင်းသမီးအကပညာနဲ့ ပရိက်သတ်ကို ဖျော်ဖြေပြီး ငါက ဟာသာလူရွှင်တော်အဖြစ်နဲ့ နင်ကိုရိသဲ့သဲ့စကားတွေပြောပြီး ပျက်လုံးထုတ်ဖူးတယ်လေ တကယ်တော့ ငါက နှလုံးသားတစ်ခုလုံးပွန်းပဲ့ခံပြီး ဖျော်ဖြေခဲ့တာပါ အဲ့ဒီအချိန်ကစလို့ ငါလေ နင်ကိုရင်ခုန်ခဲ့မိတဲ့သူပါ တနေ့မှာတော့ ကံကြမ္မာလှိုင်းပုတ်တဲ့ လောကဓံရဲ့ ဒဏ်ခပ်ခြင်းကို ငါခံရလိုက်တယ် နင်နဲ့ဝေးခွါနေဖို့ ငါ့ကို ကံကြမ္မာက အဝေးတမြေကို နင်စေခဲ့တယ် ဒီလိုနဲ့ ငါးနှစ်ဆိုတဲ့အချိန်ထိကြာအောင် ငါမမေ့နိုင်ခဲ့ဘူး နင့ိကို အမြဲတမ်းလွမ်းနေမိပါတယ် ချစ်ရသူရယ်...
ကံမကုန်လို့ တန်ဆောင်တိုင်ရဲ့လပြည့်လေးမှာ နင်နဲ့ပြန်ဆုံတွေ့ခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်စကား ဘယ်လိုပြောရမှန်းမသိအောင် ငါဝမ်းသာမိပါတယ် အမှတ်မထင် နင်နဲ့ဆုံတွေ့လိုက်တဲ့ ခဏမှာ သေဆုံးသွားပြီလို့ ထင်မှတ်ရတဲ့ ရင်ခုန်သံနဲ့အတူ ကွယ်ရာမှာ အမြဲတမ်း ငိုရှိုက်တက်တဲ့ နှလုံးသားရဲ့ မျက်ရည်တွေက ယနေ့မြန်မာလူငယ်သတင်းစုံမှာ တစ်ကောင်ဘွား(ဓာတ်တော်)လို့ နာမည်ပေးပြီး
နင်ကိုလွမ်းတဲ့အကြောင်းတွေ ရေးဖွဲ့နေခဲ့တဲ့ တိတ်တခိုးချစ်ခဲ့တဲ့ အညတရလေးပါ ချစ်ရသူရယ်
အမုန်းစကားမဆိုပဲ
အပြုံးတံခါးဖွင့်လို့
နှလုံးသားက နင့်ကို
ထာဝရချစ်တာမို့
ကဗျာဖြစ်အောင် ဖန်တီး
ဒီရင် အပူမီးတွေ
ငြိမ်းပါစေသား ငြိမ်းစေသား
တစ်ကောင်ဘွား(ဓာတ်တော်)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ