Saturday 21 November 2015

အမျှင်

အမျှင်

ညှို့မယ့် ညှို့တော့လည်း
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့အထိ ..
ကိုယ်ကလွဲရင် ကိုယ်ပါပဲထင်ပြီး
ကိုယ့်အရေကို ဆွဲဆုတ်ပြမိရဲ့ ..
တစ်ယောက်အခွေဟာ တစ်ယောက်ကို ထုံးမယ့်ကြိုးလို
လှုပ်လေတင်းလေ ..
တစ်ယောက်အမြီးကို တစ်ယောက်ပြန်မျိုရင်း
ကိုယ့်ကိုကိုယ် တွေ့တယ် ..
ဖြေဆေးအတွက် ကိုယ့်အဆိပ်ကို အန်ချပေးတော့
လျှာနှစ်ခွနဲ့ လျက်လို့ ..
အချိန်မရှိတော့ဘူး
နေရာမရှိတော့ဘူး
သည်မှာတွင် အသက်ကိုအပ်ခဲ့မယ်
ကိုယ့်တွန်သံကြားလည်း လှည့်မကြည့်နဲ့တော့ ..

မင်းထင်ကိုကိုကြီး (Credit - နေအဝေး)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ