Monday 9 November 2015

လွမ်းတဲ့လမ်း

လွမ်းတဲ့လမ်းမှာ

ပန်းလည်းမပွင့်

ရင်နင့်စရာ။

လွမ်းတဲ့လမ်းမှာ

ရွက်သစ်မကြွေ

ရွက်ခြောက်တွေဝဲ

ကြေကွဲစရာ။

လွမ်းတဲ့လမ်းမှာ

စမ်းလည်းမစီး

ဝမ်းနည်းကြီးမား

သီးခြားကမ္ဘာ။

လွမ်းတဲ့လမ်းမှာ

ချစ်သူကိုမတွေ့

မပျော်မွေ့ဘူး

ရင်မှာဆူးလျက်

ရူးချင်စရာ။ 

ရွှေမြို့တော်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ