Monday 16 November 2015

ဇာတ်သိမ်းခန်းလေး ဖြစ်ပါစေ

မွေးမေမေရယ် သတ္တဝါအစဉ်
သံသရာတစ်ခွင် ကျင်လည်စဉ်က
ဒို့များရိုးထု ပုံလို့စုက
မြင့်မိုရ်မဟာ မယှဉ်သာပဲ
ရှုံးရမြဲပါ မွေးမာတာရယ်.....
သေကွဲရှင်ကွဲ ဇာတ်လမ်းတွဲမှာ
ကြွေခဲ့ရတဲ့ မျက်ရည်စတွေ
သမုဒ္ဒရာ မြစ်ရေသည်ပင်
မယှဉ်သာပဲ ရှုံးရမြဲပါ.....
သံသရာဇာတ်ခုံကြီးပေါ်မှာ
ကံဇာတ်ဆရာ အလိုကျမို့
သရုပ်ဆောင်ရ ဘဝတွေက
ကမ္ဘာအသင်္ချေ ရှိခဲ့ပြီလေ
ဇာတ်ကွက်တွေလဲ စုံခဲ့ပါပြီ
ပင်ပန်းတာလဲ များခဲ့ပြီလေ
ဒါကြောင့်မို့ ဒီဘဝလေးမှာ
ဇာတ်သိမ်းခန်းလေး ဖြစ်ကြပါစေ...
                       တစ်ကောင်ဘွား (ဓာတ်တော်)

                   လောကထဲက အရူးများ
ခေတ်ခါအလိုက် မိုက်တာကြိုက်၍
လူမိုက်တဲ့လေ ဂုဏ်ယူနေရဲ့
လူတို့ခေါ်ကြောင့် ခေတ်နောက်ပြောင်းမို့
လူကောင်းဆိုလျှင် လူ အ ထင်ကြ
ကဲ့ရဲ့ကြသည် မေးငေါ့သည်နှင့်
သူတစ်လူခင်း ငါ တစ်မင်းလျှင်
အချင်းချင်းပင် စော်ကားခြင်ကြ
သားချင်းဆွေမျိုး ဂုဏ်ပြိုင်ထိုးလျှက်
မျိုးရိုးမထိန်း ခါးသီးစိမ်းကြ
သူစိမ်းသဖွယ် မောဟနယ်မှာ
နွံဝယ်နစ်မြုတ် နေကြသည်ကွယ်..,
တရားမဖတ် လောဘစက်ကြောင့်
ထန်ခက်ဒေါသ ထူပြောလှကာ
လောကသားတို့ ရူးပြီထင်ရဲ့.,...
                            တစ်ကောင်ဘွား (ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ