Wednesday 25 November 2015

                * မဖတ်ရဘူးနော်*
ငါရေးတဲ့စာ ကဗျာတွေကို
ချစ်သဲဗလာ မာယာရှင်တို့
ဟန်ဆောင်လို့လဲ မဖတ်ရပါ
ငါရေးခဲ့စာ ကဗျာတွေဟာ
သမုဒယ နှလုံးသားက
သွေးနဲ့ရေးပြီး ဖွဲ့သီတာမို့
ကာရံမလှ ရှိခဲ့သော်လဲ
အသဲကို နင်း ကြင်နာကင်းတဲ့
မာယာရှင်တွေ မဖတ်ရဘူး.....?
                         တစ်ကောင်ဘွား(ဓာတ်တော်)
     * ရင်ထဲက ဝေဒနာ*
နင်ပေးခဲ့တဲ့ 
ဓာတ်ပုံလေးတွေ
နင်ရေးခဲ့တဲ့
စာလွှာလေးတွေ
ငါ့ရဲ့ဘေးနား
မရှိတော့လဲ
အမှတ်တရ
နင်ပေးခဲ့တဲ့
နောက်ဆုံးလက်ဆောင်
ဝေဒနာတွေ
ငါရင်ထဲမှာ
ရှင်သန်သရွေ့
နာကျင်နေတယ်
ချစ်သူလေးရယ်....
               တစ်ကောင်ဘွား('ဓာတ်တော်)
  • ဝေဖန် အကြံပြုစာလွှာများကို ပေးပို့လိုပါလျှင် ၀၉၇၉၅၉၅၀၇၆၇သို့viberမှာလည်းကောင်း ဖုန်းဆက်၍လည်းကောင်း ပြောဆို ဝေဖန်နိုင်ပါသည်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ