Saturday 21 November 2015

ဒီနေ့တော့ အရင်ကရေးခဲ့ဖူးတဲ့ ကောင်မလေးရေ   ဒဏ္ဍာရီတစ်ခုလိုပဲ ညီမလေးရေ ဆိုပြီး ခေါင်းစဉ်နဲ့ ရေးလိုက်ပါတယ်ဝေဖန်ပေးပါကြပါဦးနော် ဒီခေတ်ညီမလေးတွေကို မေးပါရစေ.. 
                            * ညီမငယ်တို့ရည်ရယ်ချက်က ဘာလဲ*
ညီမလေးရေ
အားလုံးကဝိုင်းငေးကြ သိပ်လှတယ်လို့ မထင်ပါနဲ့နော်
အားလုံးက အာရုံစိုက် သိပ်ခိုက်တယ်လို့ ထင်နေရော့သလားကွယ်
အများရဲ့အမြင်အာရုံ တစ်ဖုံစီကွဲတာမို့
တစ်ချို့က အမြင်ထူး မမြင်ဖူးလို့ကြည့်ကြတယ်
တစ်ချို့က တဏှာထ ရာဂကြောင့်ကြည့်ကြတယ်
တစ်ချို့က တမင်ရွဲ့ ကဲ့ရဲ့ခြင်လို့ ကြည့်ကြတယ်
ညီမလေးရေ
အဲ့ဒီအကြည့်ပေါင်းများစွာကို အားမနာရော့သလားကွယ်
လွဲမှားတဲ့ဝတ်စားဆင်ယင်မူ့က အန္တရာယ်အစုနဲ့ နီးနေပြီနော်
ညီ အကို မောင်နှမနဲ့မိဘ ဆုံးမ၍မလွယ်တာမို့ ပစ်ပယ်လို့ထားပြီး ထင်ပါရဲ့ကွယ်.....
မြင်သူတကာ အတုယူမှားအောင် ပေါင်အထိ ခွဲကာထားတဲ့အပြင်
ရင်ပြင်ကဟိုက်နေတာကြောင့်  လေအတိုက်မှာပင် မတွေးရဲဘူး
ဘေးခွဲတာက ရင်မအေးစရာနဲ့ အပြေးကလေး ကားပေါ်တက်ပြန်တော့
အခက်ခဲတွေနဲ့ကြံရပြန်ပေါ့ ညီမလေးရယ်....။
ညီမလေးရေ
ကာယကံရှင်က မရှက်ပေမဲ့
မြင်တက်သူက ရတက်ပွေပြီး
ခက်နေတာက ကြော်ငြာခေတ်မို့
စေတနာအစစ်နဲ့ မေးလိုက်ပါရစေ
ညီမလေးရေ မင်းရဲ့
ရည်ရွယ်ချက်က ဘာလဲ..?
                            တစ်ကောင်ဘွား(ဓာတ်တော်)
အကြံပြုစာ ဝေဖန်စာများ ၀၉၇၉၅၉၅၀၇၆၇ သို့ ပေးပို့ အကြံပြုပါရန် မေတ္တာရပ်ခံပါသည်
အစဉ်အမြဲ ကြိုးစားလျှက်ပါ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ