အဆုံးမဲ့ အလင်းတွေပေး
သားရဲ့ဘဝ ထိန်လင်းစေခဲ့ပါတယ်
မေမေ =စမ်းရေလိုအေးမြ
စိတ်နှလုံးကိုကြည်နူး
သားရဲ့ဘဝ ပျော်မြူးစေခဲ့တယ်
ကိုကို မမ =ကြယ်စင်လို ဘေးကဝန်းရံ
သူတို့အကြား ထိန်လင်းစေရေး
သားဘဝကို ဖေးမကူညီကြတယ်
တစ်ကောင်ဘွား(ဓာတ်တော်)
* မိဘကျေးဇူး ဆပ်ဖူးပြီလား*
မိဘမေတ္တာ ငွေလပမာ
နှိုင်းလိုသော်လဲ မနှိုင်းလေနဲ့
ထို လ တိမ်လွှာ ဖုံးခဲ့သောကြောင့်
မိဘမေတ္တာ စမ်းရေပမာ
နှိုင်းလိုသော်လဲ မနှိုင်းလေနဲ့
ထို စမ်း နွေခါ ခမ်းတက်သောကြောင့်
အိုလူသားတို့ ဤလောက၌
မိကို လက်ယာ ဖ ကိုလက်ဝဲ
ပခုံးထက်၌ တင်လျှက်လုပ်ကျွေး
မပျက်မွေးလဲ ကျေးဇူးဂုဏ်ဆိုင်
မကုန်နိုင်ဟု ဗုဒ္ဓဟောကြား
မြတ်တရားကို ဒို့နာဖူးပြီ
မိဘတွေရဲ့ ချွေးတစ်စက်နဲ့
နို့တစ်စက်ဖိုး ကျေဖူးပြီလား...?
မိဘကျေးဇူး ဆပ်ဖူးပြီလား...?
မိဘတို့ရဲ့ကျေးဇူးကို ကျေအောင်ဆပ်နိုင်ပါစေ
တစ်ကောင်ဘွား
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ