* မြတ်ဆရာ *
ငယ်ကစဉ် ကြီးစတိုင်
မိဘသဖွယ် စောက်ရှောက်
တတ်သိပညာ စိတ်ဝယ်သွတ်သွင်း
အို…မြတ်ဆရာတို့
ဂုဏ်ကျေး ဇူးကကြီးလှပါပေ့။
ကကြီး ခကွေး လက်ထပ်ရေး
ပညာမွေ ပေးတဲ့မြတ်ဆရာ
ကောင်းတာလုပ် မကောင်းတာဖြုတ်
ဂရုတစိုက် သွန်သင် ဆိုဆုံးမ
ကျေးဇူးကြီးလှ မြတ်ဆရာ
စံပယ်ပန်း လို ဖြူ ဖြူ စင်
မေတ္တာပင်က ညောင်ထက်ကြီး
ဆပ်လို့မကျ မြင့်မိုရ်မက
တပည့်သားတို့ မွေးရှင်ရင်းပမာ
လမ်းမှန်ဖောက်ပေး ကိုယ်ကျိုးမတွေး
မြတ်သောမေတ္တာ အနန္တနဲ့
ရှိခိုးကန်တော့ ဆပ်လို့မကုန်
ဂုဏ်ကျေးဇူးတို့ ကြီးလှပါပေ့
မြတ်ဆရာတို့။/\/*L့
Phyur…/\/*L့
========================
* ရွာသွန်းလှည့်ပါ *
ကန္တာရထဲက ရေတပေါက်ကို
ယုယစွာ ခံယူလို့ မင်းရှေ့
ဝပ်ဆင်း ပြုလှည့်ပါ ငါ့ဝီရိယ
အပြုံးတပွင့် ဆုချလို့ စွန့်ကြဲ
ဒါဟာ ငါ့ရဲ့ မင်းအတွက်
ချစ်တွေနဲ့ရောထွေး ထပ်တူကျခဲ့
စာနာလှည့်ပါ ငါ့အသည်းကို
ဝေဒနာလမ်းကို မနင်းလျှောက်ပါရစေနဲ့
အလွမ်းဒဏ်မခံနိုင်တဲ့ ဒီလူသား
အကြည့်တချက်နဲ့တင် သက်မဲ့သွားနိုင်လို့
ကြင်နာသူ အချစ် ရွာသွန်းလှည့်ပါ…/\/*L့
Phyur…/\/*L့
========================
* ခစားမဲ့ငါ *
သူစိမ်းကြည့်တွေနဲ့ မင်းမျက်ဝန်း
ငါ့ရင်ဘတ်ကို မနှစ်မွန်းပါနဲ့
အချစ်အတွက်နဲ့ ပေးဆပ်နေတဲ့ငါ
ဘဝတဆုံး နှလုံးလောင်ကျွမ်း
ပေးဆပ်သွားမယ်
ငါမပိုင်တဲ့နင်
နင်အလိုမရှိတဲ့ငါ
နှလုံးသားလေးမျက်နှာငယ်ရပေမဲ့
မင်းလိုရင် နတ်ပြည်တက်
စစ်ခင်းမဲ့သူပါ
ဒါငါ့ရဲ့ကတိသစ္စာ
မင်းအတွက် ပျော်ရွှင်မှုတွေ
ဆောင်ကျဉ်း အမုန်းမျက်နှာမှာ
အပြုံးသက်လျာတွေဝင့်ဝါနိုင်ဖို့
အလွမ်းတွေပိုက်ရင်း
ခစားမဲ့ငါ…/\/*L့
Phyur…/\/*L့
========================
* ကြိုး *
ဘယ်ဘက်ထောင့်ကအသည်းကို
ညာဘက်လက်က စူးရှတဲ့
အညိုး တွေနဲ့ တွန်းထုတ်
အဝေးဆုံးကို မိုင်တိုင်တွေမရှား ပေမဲ့
နီးရက်နဲ့လည်း မတွေ့ခဲ့
ဥပေက္ခာစည်းလေးခြားနေတဲ့
မင်းနဲ့တို့ သံယောဇဉ်ကြိုးလေး
ချည်နှောင်ခွင့်ပြုပါနော်…/\/*L့
Phyur…/\/*L့
========================
တိုက်ဆိုင်တဲ့အခါသတိရပေးပါ'****
ငါ့မျက်ရည်ကြွေကျမှ
နင်ပျော်မယ်ဆိုရင်
နင့်ထီးလေးဖယ်လိုက်ပါ
နင်မိုးလို့ထင်နေတာ
ငါ့မျက်ရည်တွေပါ။
ငါ့နှလုံးသားမြေခမှ
နင်ကျေနပ်မယ်ဆိုရင်
နင့်ခြေထောက်ကိုရွေှ့လိုက်ပါ
နင်နင်းခြေထားတာ
ငါ့နှလုံးသားပါ။
ငါ့မာနတွေခဝါချမှ
နင်ပြန်ချစ်နိုင်မယ်ဆိုရင်
နင်ခေါင်းလေးအသာငုံ့လိုက်ပါ
နင့်ရှေ့မှာဒူးထောက်အရှုံးပေးနေတာ ငါပါ
အရာရာပုံအပ်ခဲ့တာ
နင့်ဘဝမှာတိုက်ဆိုင်တဲ့အခါ
တစ်ခဏတာသတိရမိတယ်ဆိုရင်
ငါ့တစ်ဘဝစာချစ်ခဲ့တာနဲ့
ညီမျှမှာပါ။
========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။့ 
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ