Thursday 5 November 2015

ရင်ခွင်ပျိုးခင်းရဲ့တစ်နေရာ မင်းလေးသာဆန္ဒရှိခဲ့ပါလျှင်ပေါ့ မြေချခွင့်မရသေးတဲ့အချစ်ရဲ့မျိုးစေ့ ဆွေးမြေ့လို့မပျက်သုဉ်းခင် ငါ့ကိုရေလောင်းပေါင်းသင်ခွင့်လေးတော့ပေးပါလား မစိုးရိမ်နဲ့ချစ်သူ  ပေါင်းမြက်တွေကင်းစင်ရေး နှလုံးသားတစ်စုံသွေးထားတယ် ပျိုးပင်လေးအသက်ရှင်ရေးအသွေးအသားတွေကျွေးထားမယ်   လှပစွာပွင့်ဖူးစေရေး ရင်ဘတ်တစ်ခုလုံးနီစွေးရဲတယ်  မိုးစက်တွေကခုန်စေဖို့အရေး ငါ့မျက်ရည်တွေစပွန်ဆာပေးထားတယ် သူရအောင် 09402686929

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ