Monday 16 November 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၃၈

အရွက်မဝေလို့
ကိုင်းခြောက်ရင်
အကျည်းတန်စရာ
နွေကိုရောက်
ရေတပေါက်သောက်ရမှ
နေသာတဲ့နွေကန္တာ
သေရာမှနိုးလာတဲ့
နှလုံးသားတစုံရဲ့
တောင်းတသံက
ဥသြသံလောက်မှ
နားဝင်မချိုခဲ့ဘူးထင်ရဲ့
ွှရှိပါစေတော့လို့
နှလုံးမသွင်းနိုင်သမျှ
နာကျင်စရာ
ဒီဒဏ်ရာတွေကို
ငါဘယ်လို
ဖြေရမလဲချစ်သူ


သူရဇ္ဇ
========================

ဘောင်

ရင်၌ဖြစ်တည်
ရင်းတည်ကာစ
ချစ်ကာလမှာ
အနှစ်သာရမဲ့
ဖော်ထုတ်ခက်သည်
ကစဉ့်ကလျား
ရင်အဖျားခိုဝင်
စိုပြည်ဘဝ
မလှမပနဲ့
စုတ်ချက်ကပြင်း
ွှရင်တွင်းလှိုင်းထန်
အရိုင်းဆန်စွာနဲ့
ထိန်းချုပ်မှု့လွတ်
စိတ်အနားကွပ်လို့
အထွတ်မြတ်ထားကာ
အနားမှာနေစေ
ဖြေမပြေပါသည်
စိတ်အကျဉ်းချလို့
ဘောင်ခတ်မည်


သူရဇ္ဇ
========================
ငိုပါရစေ

ငါ့အချစ်တွေ
သက်သေပြဖို့
ရက်တွေကအခွင့်မသာ
လွင့်ကာကြွေကျ
မေမှ့မသိပဲ
ရှိရင်းစွဲဝေဒနာသည်
ရင်မှနှလုးံသား
တနေရာအထိ
စိမ့်ဝင်ခဲ့ပြီထင်ရဲ့
မေ့ပါရစေ
မေ့နိုင်ပါရစေ
တသက်လုံးအတွက်
မဟုတ်ခဲ့ရင်တောင်
ခဏတာလေးဖြစ်ဖြစ်
လွတ်လပ်ပျော်ရွင်စွာ
နေပါရစေချစ်သူ
နေ့ရက်များရှည်
ကျမျက်ရည်စို
ငိုနေပါရစေ


သူရဇ္ဇ
========================
ပုန်းရှောင်သူ

ကျေးဇူးမတင်နိုင်
ဆောင်းတပင်တိုင်
ပန်းသဇင်ရေ
လွမ်းမိရင်
နာကျင်ပူလောင်
ဘယ်အရာက
သာတယ်မသိ
ရှိရှိသမျှ
အသွေးအသားတွေ
တဆက်ဆက်တုန်
ရင်ခုန်သံစည်းချက်ခွဲ
မီးကပ်ပြီးခွဲတဲ့
ရင်အုံကို
မြင်ရုံလည်းပြခွင့်မသာ
ဘဝအဖွင့်မှာ
လမသာအမှောင်ဖုံး
ရှောင်ပုန်းလို့လည်း
မလွတ်သာ
နှင်းမြူတွေဖြာဆင်းလို့
လင်းသည့်တိုင်
လွတ်နိုင်မယ်မထင်

သူရဇ္ဇ
========================

သိပါစေ
ရည်ရွယ်ခဲ့လည်း
နှုတ်မရဲလို့
ရင်ထဲပြန်ဝှက်
နှုတ်ဆက်ထွက်ခဲ့
တနေ့တနေ့
ရွေ့လို့နေခဲ့
သူ့ထံရှေ့မှောက်
ရောက်မိပြန်လည်း
နွမ်းသွေ့ခြောက်ပြန်
မနက်ဖြန်ကျ
ပြောမှဖြစ်မည်
ရည်ရွယ်ခဲ့လည်း
နှုတ်မရဲပဲ
မျက်ဝန်းထဲတွင်
ပုံရိပ်ထင်သော
သူ့ရုပ်သွင်အား
တိတ်တိတ်မျှော်လင့်
ရင်ခုန်ခြင်းဖြင့်
အချစ်ဖြစ်လာခဲ့ပြီ
ရာသီလဲပြောင်း
အချစ်ဟောင်းစေ
သွေမကွာဘူး
တိုင်တည်ဖူးတယ်
ရည်ရွယ်ထားသူ
သိပါစေ

သူရဇ္ဇ
========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ