Wednesday 25 November 2015

ကဗျာမရေးဖြစ်တာ၃ရက်ရှိပြီ ဒီနေ့တော့ တစ်ပုဒ်ရေးပါမယ် အားပေးကြပါဦးနော် ဝေဖန်အကြံပြုလိုပါလျှင် ၀၉၇၉၅၉၅၀၇၆၇သို့ viberမှလည်းကောင်း naymin2863@gmail.comသို့လည်းကောင်း ပေးပို့နိုင်ပါသည်
                     *အင်းလေးပြန် အလွမ်း*
အင်းလေးကန်သို့ အလည်တခေါက်
ရောက်ရှိစဉ်ဝယ် ငွေဇင်ရော်တွေ
အစာ အတူကျွေး ပျော်ခဲ့ဖူးတယ်
စိတ်နှလုံး ကြည်နူး
ပျော်မြူးးခဲ့လဲ ဧည့်သည်ပေမို့
အချိန်တန်လို့ ပြန်ရတော့မည်
ရင်ထဲသိလို့ နာကျင်မိပြီ
အင်းလေးရွာက အင်းလေးသူရယ်..
မလွှဲသာလို့ လက်ပြနှုတ်ဆက်
ခွဲခွါခဲ့လဲ အမြဲထာဝရ
သတိရနေမယ် အင်းလေးသူရယ်
နာရီစက္ကန့် ရွေ့လျားသရွေ့
မေ့မရဘူးဆိုတာ အင်းလေးသူရယ်
သိပါစေလို့ ဖောင်တော်ဦးရဲ့
ဆုတောင်းပြည့်ဘုရားရှေ့ဝယ်
တောင်းဆုခြွေ မျက်ရည်တွေနဲ့
အလွမ်းသမားလေးရဲ့ ရင်ထဲက
သံယောဇဉ်အလွမ်းတွေက
အင်းလေးကန်ထဲက ရေတွေ
ခမ်းခြောက်သွားလဲ လွမ်းလို့နေဆဲ
လွမ်းနေဆဲပါ အင်းလေးသူရယ် ....
                              တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ