Tuesday 17 November 2015

အဓိပ္ပါယ်မဲ့သောငါ့ဘဝ

မျှော်လင့်ချက်မဲ့ အနာဂတ်ပျောက်
မှောင်မိုက်ဘဝ အားအင်ချို့တဲ့
ကူညီဖေးမ ဝေးခဲ့ရသူ
ငါလိုလူ အတွက် နိမ့်ရာလှံစိုက်
ရက်စက်ခဲ့ကြ ကုန်းထရုံးကြွ
လွတ်မြောက်ဖို့ကြံ စိတ်ရည်သန်လဲ
ငယ်ထိပ်ကိုဆောင့် ဖနှောင့်ပေါက်၍
မြေအောက်ကိုကပ် ရက်စက်ကြလေ
သြော် ငါ့ဘဝ  ဘဝက
အဓိပ္ပါယ်မဲ့ချေပြီကော....,။
                    တစ်ကောင်ဘွား(ဓာတ်တော်)
     
                  သင်ရောငါပါ ဧည့်သည်တွေပါ
ဘဝဆိုတာ ဇာတ်ခုံပါကွာ
ဒို့ဇာတ်ဆရာ ကံကြမ္မာမို့
သူပြုသမျှ သရုပ်ဆောင်ရ
ဒို့ဘဝတွေနော် သူငယ်ချင်း
ဘဝတစ်ကွေ့ ခဏတွေ့လို့
ခင်မင်ကြနဲ့ ပျော်ရရွှင်ရ
ဒို့ဘဝကား ဇာတ်ကွက်လဲစုံ
ပင်ပန်းတာလဲ များလှသနော်
တစ်နေကွယ်က သေနယ်ရွာသို့
သင်ရောငါပါ သွားရဦးမည်
လာပြီးအစဉ် ပြန်ဖို့ပြင်က
သင်၏နောက်မှာ သင့်ဥစ္စာနှင့်
သင့် သား မယား တစ်ခုမပါ
ကံသာလျှင် အရိပ်ထင်သည်မို့
ငါတို့တတွေ ဒါန သီလ
ရိက္ခာမျိုးကောင်း စုဆောင်းဖို့ရယ်
အချိန်တန်ပါပြီ သူငယ်ချင်း.....
ဧည့်သည်ပေမို့ ပြန်ရဦးမည်
                         တစ်ကောင်ဘွား (ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ