Tuesday 17 November 2015

ကဗျာဂျာနယ်အတွဲ၁ အမှတ် ၃၉

မြစ်ဖျား

ကြွေကျမျက်ရည်
လေယူရာသို့
တိုးလျှိုးဝင်ရောက်
ကွယ်ပျောက်သွားအောင်
အားယူဆဲ
အချစ်ငှက်၏
သီကျူးတေးသံ
ပြန်လည်ကြားမိ
ကြည်နူးမိသည်
ဝေဒနာကြား
ပြုံးရိပ်များနှင့်
ကျေနပ်မိ
သံယောစဉ်
မြစ်တစင်း
မြင်မြင်ချင်းမှာ
အစတည်
သတိရခြင်းကိုတွယ်တာ
မေ့မရတာကို
အဖော်ပြု
ဝေဒနာကိုကဗျာစပ်
အခု့ညည
အိပ်မရတော့

သူရဇ္ဇ
========================
ချစ်သူ
နင်မပျော်ရွှင်တော့တဲ့ငါ့ရင်ခွင်ကနေနင်ပျော်ရွှင်မဲ့ထာနေဆီသို့ပြောင်းရွှေ့နိုင်ပါတယ်ချစ်သူငါနင့်ကိုမချစ်လို့ဒီစကားပြောတာမဟုတ်ပါဘူးဟာငါ့ကိုတကယ်မချစ်ဘဲဟန်ဆောင်ပြီးချစ်ပြနေရင်ငါ့အတွက်နဲ့နင်ပင်ပန်းနေမှာဆိုးလို့ပါချစ်သူဒါပေမဲ့ငါ့ရင်ထဲကနေနင်ထွက်သွားတော့မယ်ဆိုရင်တချက်လောက်ဆင်းစားကြည့်ပေးပါလားချစ်သူဘာလဲဆိုတော့
နင့်ရဲနောက်တယောက်လူကနင့်ကိုငါ့လောက်ချစ်နိုင်ပါမလားပြီးတော့ငါ့လောက်နင့်ကိုပေးဆပ်ပြီးချစ်နိုင်ပမလား
ငါ့လောက်နင့်ကိုတန်ဖိုးထားနိုင်ပမလားငါ့လောက်နင့်ကို
သစ္စာရှိ့နိုင်ပမလားငါ့လောက်နင့်ကိုအလေးနက်ထားနိုင်ပမလားလို့ပါချစ်သူ.........

...စိုးရိမ်လွမ်း
========================
မိုးရေထဲမှာ

ကိုယ့်တစ်ယောက်တည်း

မိုးဖွဲဖွဲကိုကာမိုးမဲ့သူ

မရှိခဲ့ပါဘူး

အလွမ်းစိတ် ရယ်

ကြိတ်မနိုင်

မိုးစက်လေးတွေနဲ့အပြိုင်

ကိုယ့်မျက် ရည်တွေ

စီးမျောလေပြီ

မင်းမသိတဲ့ဒီအချိန်တွေ

ကျောခိုင်းခဲ့သူကိုယ့်အတွက်

အရမ်းကိုခက်ခဲခဲ့ပါတယ်

ချစ်သူ

ပေးပို့သူ-မိသား
========================
everhappy

မေ့လိုက်ပါ
ဆုံရန်မသင့်သူမို့

မုန်းလိုက်ပါ
အခြေနေမလှသူမို့

ထားခဲ့ပါ
ကျန်နေခြင်းနဲ့
မွေ့လျော်နေသူမို့

ငဲ့ကြည့်ပါ
မျက်ဝန်းတချက်နဲ့
ကျေနပ်နေသူမို့

ရက်စက်ပါ
ဒဏ်ရာလက်ကျန်နဲ့
ဆက်ရန်ရှိသေးလို့
အကြင်နာပြန်ပေးဖို့
မတောင်းဆိုချင်ပါ
ပြောင်းလိုပြောင်း
ဟောင်းသည်မရှိ
ပစ်လိုကပစ်လိုက်
အသစ်ကြိုက်သူမို့
ချစ်လိုက့်မုန်းလိုက်နဲ့
ပျော်နေတဲ့သူ

သူရဇ္ဇ
========================
သူသိစေချင် တယ်



ဘဝက
   အ ခြေမ ပေး
အ နေက ဝေးတော့
    ပိုကာဆိုးပေါ့
ဖုန်းပြောခွင့်လေး
    ငါ့မှာမျှော်ကိုးကာ
ညဘက်ညဘက်
   အိပ်မရတက်တဲ့
ငါ့အဖြစ်တွေကို
        ငါ့ချစ်သူဖြစ်တဲ့မင်း
သိပါလေစကွယ်



       နေမင်းအာကာ
========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ