Sunday 29 November 2015

ဆက်သွားလိုက်ပါ

ဆက်သွားလိုက်ပါ

ထားခဲ့ပြီမဟုတ်လား
ဘာလို့များ လှည့်ကြည့်နေသေးတာလည်း
နင်ထွက်သွားပြီးကတည်းက
ငါ့ရင်မှာ နင့်အတွက်နေရာမရှိတော့ဘူး ....
အတ္တတွေ မာနတွေထားပြီး
ငါ့ကိုစွန့်ခွာသွားပြီးမှတော့
အဲ့ဒီမာနတွေခ၀ါချပြီး
ဘာလို့များ လှည့်ပြန်ချင်နေတာလဲ ....
ကျောခိုင်းထားပြီးမှတော့
အဲ့ဒီလမ်းအတိုင်းသာဆက်လျှောက်
နောက်ကြောင်းပြန်မလှည့်နဲ့
ငါနင့်ကိုသတ်မိလိမ့်မယ် ....

မုန်း(beetalk)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ