Monday 16 November 2015

ရင်ထဲကသူ သို့

* မြင်စတွေ့မှာ
ခင်တွယ်ခဲ့လဲ
ကြင်နာခဲ့ရ
ငါ့ဘဝကို
စာနာလှည့်ပေါ့...
*ခဏလေးမို့
ဝေးကွာခဲ့ချိန်
မေ့သွားမှာလို့
တွေးမထင်နဲ့
ရင်ထဲကသူ....
*နေ့စဉ်ချိန်တိုင်း
ရှင်သန်နေဆဲ
သံယောဇဉ်ကို
ငါက ဘယ်လို
မေ့ရမှာလဲ..?
        တစ်ကောင်ဘွား(ဓာတ်တော်)


          အနမ်းမိုး
ခင်ယုံပါဆို
ရင်ခုန်စရာတွေ
ဘာလို့ ပြောနေတာလဲ
ရိုးရိုးသိတာပါဆို
ခိုးကြည့်နေဖို့
မလိုအပ်ဘူးလေ
ဖုံးဖိမနေပါနဲ့
ပြုံးကြည့်နေတာတွေ
ဒို့သိနေတယ်လေ
ခင်မင်တာတွေ
မပိုတော့ရင်လဲ
အရင်လိုပဲ နေပေါ့
စကားလမ်းတွေပျိုးပြီး
အနားကို အရမ်းမတိုးနဲ့
အနမ်းမိုးတွေက
ပါးပြင်ပေါ် စွေလိမ့်မယ်

                 တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ