Thursday 19 November 2015

ကမ္ဘာအိမ်ထဲက မိသားစုပါ

*မာယာရောယှတ် လှည့်ကွက်တွေစုံ
အရောင်တွေပြောင်း ဗလောင်းဗထွေးနဲ့
ဇာတ်ရှုတ်နေကြတာ ဘဝလား..?
*လိမ်ညာကောက်ကျစ် စနစ်မမှန်
အာဏာသံနှင့် ဟုတ်လဲမခံ
မှန်လဲမကျင့် မသင့်အယူ
ကိုင်ဆွဲထူကာ နိုင်လိုမင်းထက်
လုပ်နေကြတာ ဘဝလား...?
*သဘာဝနဲ့ရပ်တည် အသက်ရှုတဲ့
လူအချင်းချင်း မင်းပိုင်တယ်
ငါပိုင်တယ် မင်းနိုင်တယ် ငါနိုင်တယ်
ဖရိုဖရဲ လဲပြိုကွဲ၍
သွေးစည်းမရှိ ရန်ကြည့် ကြည့်ကာ
မေတ္တာတွေကင်း ချစ်ခြင်းတွေပျယ်
မစာနာတက်ကြတာ ဘဝလား...?
*တစ်မိုးအောက်မှာ ရောက်နေကြသူ
လူတွေအားလုံး ကမ္ဘာဆိုတဲ့
အိမ်ကြီးထဲက မိသားစုတွေဆိုတာ
မမေ့ပါနဲ့လေ မမေ့ပါနဲ့....။ 
                       ကြိုးစားပါဦးမည် 
                          တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ