Tuesday 1 December 2015

အသည်းကြွေတဲ့ နွေ

                                    အခန်း(2)
ညနေခင်းသခွါးခင်းက ဖိုးတုတ်တို့နဲ့ ပြန်လာလို့ အိမ်ရောက်တော့ ဘကြီးအေးက  မင်း ဒီနေ့ ကျောင်းမလိုက်ဘူးဆို ဟုတ်လား လူလေး တဲ့  ကျနော် ကျောင်းထွက်လိုက်ပြီ ဘကြီးအေး 
မင်းက ဘာဖြစ်လို့ ကျောင်းမနေခြင်ရတာလဲ  
ကျနော် မနေခြင်တော့ဘူး ဘကြီးအေး ကျနော် အလုပ်ပဲလုပ်တော့မယ်
 ဘာလဲ ပညာတက်ကြီး ဖြစ်မှာစိုးလို့လား ဒါမှမဟုတ် ပညာတွေတက်နေလို့လား
မပြည့်စုံတဲ့ ကျနော်ဘဝမှာ တွယ်စရာဆိုလို့ ဘကြီးအေးပဲရှိတာပါ အဲ့လိုတော့ ကျနော်ကို မခနဲ့ပါနဲ့ဗျာ
ဒါကြောင့်မင်းကို ပညာတက်ဖြစ်အောင် ကျောင်းထားပေးတာပေါ့ကွ
ဘကြီးအေးက အခုဆို အသက်ရွယ်ကရောက်လာပြီလေ ကျနော် ဘကြီးအေးကို ပြန်လည်ပြုစုခြင်တယ် ဘကြီး
အေးလေ လူလေး ကျောင်းမနေခြင်ရင် ဇွတ်မထားတော့ဘူး အခု လူလေး ဘာ အလုပ်လုပ်တာလဲ
ဒေါန တို့ သခွါးခင်းမှာ ဖိုးတုတ်တို့နဲ့ သခွါးစိုက်နေတာပါ အဘ
 အဲ့လုပ်က တနေ့ ဘယ်လောက်ရလဲ
၂၅၀၀ပါ အဘ
အေး နေ့တိုင်း လုပ်လဲ လယ်မရှိ ယာမရှိတဲ့ မင်းက တစ်သက်လုံး သူတို့ခင်းပဲ လိုက်နေရမှာ
အဘ အနေနဲ့ကျနော်ကို ပြောစရာရှိနေမယ် ထင်တယ် ပြောပါ အဘ
မင်းကို အဘ အသိတစ်ယောက်ဆီမှာ အလုပ်ပေးခြင်တယ် သူဆီမှာ စက်မူ့လက်မူ့ ပညာကို သင်စေခြင်တယ်
ဘယ်ကို သွားပြီး သင်ရမှာလဲ အဘ
ကျောက်ဆည်ကိုသွားသင်ရမှာပါ ရွာနဲ့လဲ မဝေးဘူးလေ
ကျနော် အဘနဲ့ မခွဲနိုင်ဘူး
လူလေးရဲ့နောင်ရေး စိတ်အေးရအောင် အဘစီစဉ်ပေးနေတာကို လက်ခံပါ
ကျနော် နားလည်ပါတယ် အဘ ဒါပေမဲ့
ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့ နောက်၁၀ရက်လောက်ဆို သူတို့ လာခေါ်မှာ  လိုက်သွားရမှာနော် လူလေး
အင့် အင် ကျနော် မလိုက်ခြင်ဘူး အဘရယ်
လူလေး မင်းကို အဘ မချစ်လို့မဟုတ်ဘူး လူလေး တစ်နှစ် တစ်ခါကို ရွာလာလို့ရတာပဲ
ဒါတော့ ဒါပေါ့ အဘရယ်  ကျနော်ရွာကို ခွဲရမယ်ဆိုတော့
လူလေးရဲ့ပညာရေးအတွက်ပဲ ၃နှစ်လောက်တော့ ရွာကိုခွဲရမှာပေါ့ အဘလဲ မကြာ မကြာ လာခဲ့မှာပါ
အဘရဲ့စကားကို ကျနော် နားထောင်ပြီး စက်မူ့လက်မူ့ ပညာကို သင်ယူပါမယ် အဘ
ဒါမှပေါ့ လူလေးရယ် ကဲကဲ လူလေးလဲ ရေချိုးတော့ 
ဟုတ်ကဲ့ အဘ ဟုဆိုကာ သုည အိမ်ထဲသို့ ဝင်လာပြီး အိပ်ယာပေါ်၌ လှဲလိုက်လေသည် ကောင်းကင်ကို ထိုးပေါက်မြင်နိုင်တဲ့ အိမ်ထဲမှာ အဘ နဲ့ အတူ နှစ်တွေကြာညောင်းစွာ နေလာခဲ့ပြီးမှ အဘကို ခွဲခွါ ရွာကို ထားခဲ့ပြီး ကျောက်ဆည်မှာ ပညာသင်ရမယ်ဆိုတော့ ရင်ထဲမှာ ဝမ်းနည်းသလို ခံစားရပြီး ပူနွေးသောမျက်ရည်စက်က ပါးပြင်ပေါ်သို့ တစ်စက်ခြင်းကြွေနေပါရော့လား သြော် ဓနဥစ္စာ မကြွယ်ဝတဲ့ သုည ဘဝက ကိုယ် လမ်းကိုဖောက် ကိုယ်တိုင်လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရတော့မှာပါလား  ဘဝတိုက်ပွဲ ငါကိုယ်တိုင်ပဲ ဆင်နွှဲရတော့မှာပါ လား ဟု တွေးရင်း ပါးပြင်ပေါ်က မျက်ရည်စက်တွေကို ဖွဖွလေးသုတ်ပြီး အိပ်ယာပေါ်မှဆင်းကာ ရေချိုးဖို့ စီစဉ်ရလေတော့ သည်
                                                                                    အခန်း၃ကို မျှော်                ဝေဖန် အကြံပြုခြင်သူများ ၀၉၇၉၅၉၅၀၇၆၇သို့ ပေးပို့နိုငိပါသည် 
           ကြိုးစားပါဦးမည်                တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ